3

9.1K 545 20
                                    

Unicode

ထယ်ယောင်းတစ်ယောက်စာတွေအကုန်လုပ်ပြီးသွားလို့စိတ်ထဲအတော်ပေါ့သွားတာဖြစ်သည်။ သူအခုရေချိုးပြီးအဝတ်အစားလဲကာဂိမ်းသွားဆော့ဖို့ပြင်နေတာဖြစ်၏။ ထယ်ယောင်းဟာဗီဒိုထဲကနေ ကော်လံပါသောစပို့ရှပ်အင်္ကျီ အဖြူရောင်လေးကိုထုတ်ကာဝတ်လိုက်သည်။ ကော်လံရဲ့အဖျားတွင်အဖြူအမည်းအစင်းလေးပါရှိပြီး အင်္ကျီလည်ပင်းတွင်လဲကြယ်သီးလေး၂လုံးပါရှိပေမယ့် ထယ်ယောင်းဟာအပေါ်ကြယ်သီးလေးတစ်လုံးကိုဖြုတ်ထားသည်။ အောက်တွင်တော့ ဒူးလောက်ရှိသောဂျင်းဘောင်းဘီအပြာလေးနဲ့တွဲတတ်ထားသည်။ နောက်ဆုံးတွင်တော့ သူ့ရဲ့ရှေ့ကဆံပင်များကိုရော်ဘာသရေကွင်းလေးဖြင့်အပေါ်သို့ထောင်ထားကာစီးလိုက်တော့ ဆံပင်ဝိုင်းဝိုင်းလေးများအလည်တွင် အုန်းပင်လေးအလားထောင်ကာဝဲကျနေသည်။

ထယ်ယောင်းသည် တက်ကြွသောခြေလှမ်းများဖြင့်အောက်ထပ်သို့ဆင်းလာသည်။ သူအောက်ထပ်ရောက်သည်နှင့်ခြံထဲမှာဆိုင်ထိုင်နေသောမေမေ့နားသွားလိုက်ကာ

"မေမေသားဂိမ်းသွားဆော့မလို့ ပိုက်ဆံပေး"

"စာတွေကပြီးပြီလား"

"အကုန်ပြီးသွားပြီ"

"စောစောပြန်လာနော် နောက်ကျရင်နင့်ကိုကိုနဲ့တိုင်မှာ"

ဂျောင်ဂုကိုပြန်တိုင်မည်ဆိုသောကြောင့်ထယ်ယောင်းသူ့အမေကိုဖက်ထားရာကလွှတ်လိုက်ပြီး မျက်မှောင်ကျုံ့လိုက်သည်။

"တိုင်ရမှာလား စောစောပြန်လာမှာလား"

မေမေကသူ့အားနည်းချက်ကိုသိတာနဲ့ခြိမ်းခြောက်တော့တာပဲ။ ဘယ်တတ်နိုင်မလဲ ကိုကို့ ကိုကြောက်နေတာပဲဟာ။

"စောစောပြန်လာမယ်လို့"

မေမေသာကိုကို့ ကိုပြန်တိုင်ရင်ကိုကိုကနောက်ခါအပြင်ထွက်ဖို့မေမေ့ကိုပြောပေးမှာမဟုတ်တော့ဘူး။ ဒါကြောင့်ပြန်တိုင်မှာတော့ကြောက်ပါသည်။

ထိုအခါမှဂျီအွန်းသူ့ပိုက်ဆံအိတ်ထဲကပိုက်ဆံလေးထုတ်ပေးလိုက်တော့ လှစ်ခနဲပြေးထွက်သွားတာအရိပ်တောင်မမြင်လိုက်ရ။

MY HEART'S ENCHANTMENTWhere stories live. Discover now