Uni✔
"လမ်းခွဲကြရအောင်"
ခပ်ဖျော့ဖျော့ထွက်လာသည့် စကားသံဆုံးသည်နှင့် မျက်ဝန်းလှလှလေးတွေမှာ မယုံကြည်ခြင်းများစွာနဲ့သူ့ကိုကြည့်လာခဲ့သည်။
"ဘာပြောလိုက်တာလည်း"
"လမ်းခွဲကြရအောင်"
အရည်ကြည်လေးတွေရစ်သိုင်းလာတဲ့ မျက်ဝန်းလေးတွေကိုကြည့်ရင်းရင်ဘတ်ထဲအောင့်လာရသည်မို့ အကြည့်လွှဲလိုက်မိတော့သည်။
"ဘာလို့လည်း ငါ...ငါဘာမှားလို့လည်း"
"...."
ပြန်ဖြေမလာဘဲ အသံတိတ်နေတဲ့လူဟာ အကြောင်းပြချက်ရေရေရာရာဘဲမရှိတာလား
သို့တည်းမဟုတ် အကြောင်းပြချက်ကိုမဖြေချင်ဘဲနှုတ်ဆိတ်နေတာလားဆိုတာကို
ကာယကံရှင်ဘဲသိပါလိမ့်မည်။"မောင် ငါ...ငါမေးနေတယ်လေ"
ပေါင်ပေါ်မှာထိုင်နေသည့်ကောင်ငယ်လေးဟာ သူ့ရဲ့မျက်နှာကိုမေးဖျားကနေခပ်ဖွဖွဆွဲမော့လိုက်ရင်း အကြည့်ချင်းဆုံစေကာခပ်တိုးတိုးပြောလာသည်။
"ဘာလို့လည်း"
"စိတ်ကုန်သွားလို့"
"ဘာ...စိတ်ကုန်သွားလို့?"
မောင်လိမ်နေတာပါ ဂယူရယ်ဟုပြောလိုက်ချင်သော်လည်း ပြောမထွက်ပေ။
"ငါ့ကိုအပျော်တွဲခဲ့တာလား မောင်"
"အင်း အပျော်တွဲခဲ့တာ"
သူ့ရဲ့မေးဖျားကိုခပ်ဖွဖွလေးကိုင်ထားသည့်လက်လေးတွေမှာပြေလျော့သွားပြီး
သူ့ရဲ့ပုခုံးကိုဆုပ်ကိုင်ရင်း ကလေးငယ်လေးတစ်ယောက်ကိုငိုကြွေးလာသည့် ဂယူ့ကိုကြည့်ရင်း ရင်တွေနာလာရသည်။မောင်မရည်ရွယ်ပါဘူး ချစ်ရသူရယ်။
မောင်မင်းကိုနာကျင်အောင်လုပ်ဖို့မရည်ရွယ်ပါဘူး။"ဘာကြောင့်လည်း..."
"ဘာကြောင့် ငါ့ကို...ငါ့ကိုအဲ့လိုလုပ်ရတာလည်း"
အယုံလွယ်သည့် ချစ်ရသူကိုသူဘယ်လိုစိတ်ချရပါ့မလည်း။သူ့စကားကိုဆိုအယုံလွယ်သည့် ချစ်ရသူဟာယခုလိုအချိန်မျိုးမှာတောင် သူ့ကိုယုံနေပါသည်တဲ့ ။