##Unicode##
ဒေါ်ညို့" သမီး မနက်ဖြန်အားလား"
ရိန်း မနက်စာစားနေတုန်း မေမေက မေးသည်မို့ ရိန်းခေါင်းငြိမ့်ပြလိုက်ကာ..
ရိန်း " ဟုတ် အားပါတယ်မေမေ ဘာလို့လဲ "
မေမေက ကော်ဖီသောက်ပြီး ရိန်းကိုသေချာကြည့်လေသည်။
"မနက်ဖြန် မေမေ သူငယ်ချင်းရဲ့ညမ ဒီကိုလာမယ် သူက ဒီမှာ ေကျာက်လုပ်ငန်းလုပ်ဖို့လာ လေ့လာမှာ မနက်ဖြန်မေမေကအလုပ်ကရှိနေတော့ သမီးသွားကြိုပေးလို့ရလား"
"ရပါတယ် ဘယ်ချိန်သွားကြိုပေးရမလဲ "
"အင်း ၁၂လောက်ရောက်မယ်ထင်တယ်"
"ဟုတ် ဆိုင်ကယ်နဲ့ဘဲသွားကြိုလိုက်မယ်"
"အင်းပါ"
သားအမိနှစ်ယောက် စကားစပြတ်သွားသည်။
စားသောက်ပြီးတော့ ရိန်းလဲအခန်းဆီပြန်ခဲ့တော့သည်။..........
ညွှန်း ဒီနေ့ ကိုကို့ သူငယ်ချင်းရှိတဲ့ မိုးကုတ်ကိုသွားဖို့။ ညွှန်းက ကျောက်နဲ့ပတ်သတ်တာလေးတွေလုပ်ဖို့ သွားလေ့လာရမှာ အားလုံးပြင်ဆင်ပြီး ကိုကိုပေးတဲ့လိပ်စာတိုင်းလာခဲ့သည်။ ကားက ရွာထဲထိမဝင်ဘဲ လမ်းမှာချသွားသည်။ ကိုကိုပြောတာတော့ ရွာကသူ့သူငယ်ချင်းသမီးလာကြိုလိမ့်မည်တဲ့ ညွှန်းလဲစောင့်နေခဲ့သည် ။
နေ့လည်မို့ နေကတော်တော်ကိုပူ၏။အရိပ်နားမှာရပ်စောင့်နေရင်း ခနကြာတော့ ဆိုင်ကယ်နဲ့ ကောင်မလေးတစ်ယောက် က ညွှန်းဆီရောက်လာသည်။ညွှန်းကိုလာကြိုတာဖြစ်မည်။
သူမညွှန်းအနားမှာရပ်ပြီး ညွှန်းကိုသေချာစိုက်ကြည့်ကာ..
"အန်တီညွှန်းစာဖွဲ့ လားမသိဘူး"
ညွှန်းနာမည်တပ်ကာမေးလာသည်မို့ ညွှန်းခေါင်းလေးငြိမ့်ပြလိုက်သည်။ထို့နောက် မကျေမချမ်းပုံသံလေးနှင့်..
"အင်းဟုတယ် လာကြိုတာကလဲကြာလိုက်တာ ငါဒီမှာစောင့်နေတာ နေကပူ ခြေထောက်တွေလဲညောင်းေနပြီ"
ညွှန်းသူမစီးလာတဲ့ဆိုင်ကယ်ကို လက်ညိုးထိုးပြီး
"ဒါနဲ့ ငါကဒါကြီးနဲ့လိုက်ရမှာလား နင်မောင်းတတ်တာကောသေချာရဲ့လား"