part-1(U+Z)

2.6K 63 1
                                    

##Unicode##

ဒေါ်ညို့" သမီး မနက်ဖြန်အားလား"

ရိန်း မနက်စာစားနေတုန်း မေမေက မေးသည်မို့ ရိန်းခေါင်းငြိမ့်ပြလိုက်ကာ..

ရိန်း " ဟုတ် အားပါတယ်မေမေ ဘာလို့လဲ "

မေမေက ကော်ဖီသောက်ပြီး ရိန်းကိုသေချာကြည့်လေသည်။

"မနက်ဖြန် မေမေ သူငယ်ချင်းရဲ့ညမ ဒီကိုလာမယ် သူက ဒီမှာ ​ေကျာက်လုပ်ငန်းလုပ်ဖို့လာ လေ့လာမှာ မနက်ဖြန်မေမေကအလုပ်ကရှိနေတော့ သမီးသွားကြိုပေးလို့ရလား"

"ရပါတယ် ဘယ်ချိန်သွားကြိုပေးရမလဲ "

"အင်း ၁၂လောက်ရောက်မယ်ထင်တယ်"

"ဟုတ် ဆိုင်ကယ်နဲ့ဘဲသွားကြိုလိုက်မယ်"

"အင်းပါ"

သားအမိနှစ်ယောက် စကားစပြတ်သွားသည်။
စားသောက်ပြီးတော့ ရိန်းလဲအခန်းဆီပြန်ခဲ့တော့သည်။

..........
ညွှန်း ဒီနေ့ ကိုကို့ သူငယ်ချင်းရှိတဲ့ မိုးကုတ်ကိုသွားဖို့။ ညွှန်းက ကျောက်နဲ့ပတ်သတ်တာလေးတွေလုပ်ဖို့ သွားလေ့လာရမှာ အားလုံးပြင်ဆင်ပြီး ကိုကိုပေးတဲ့လိပ်စာတိုင်းလာခဲ့သည်။ ကားက ရွာထဲထိမဝင်ဘဲ လမ်းမှာချသွားသည်။ ကိုကိုပြောတာတော့ ရွာကသူ​့သူငယ်ချင်းသမီးလာကြိုလိမ့်မည်တဲ့ ညွှန်းလဲစောင့်နေခဲ့သည် ။
နေ့လည်မို့ နေကတော်တော်ကိုပူ၏။

အရိပ်နားမှာရပ်စောင့်နေရင်း ခနကြာတော့ ဆိုင်ကယ်နဲ့ ကောင်မလေးတစ်ယောက် က ညွှန်းဆီရောက်လာသည်။ညွှန်းကိုလာကြိုတာ​ဖြစ်မည်။

သူမညွှန်းအနားမှာရပ်ပြီး ညွှန်းကိုသေချာစိုက်ကြည့်ကာ..

"အန်တီညွှန်းစာဖွဲ့ လားမသိဘူး"

ညွှန်းနာမည်တပ်ကာမေးလာသည်မို့ ညွှန်းခေါင်းလေးငြိမ့်ပြလိုက်သည်။ထို့နောက် မကျေမချမ်းပုံသံလေးနှင့်..

"အင်းဟုတယ် လာကြိုတာကလဲကြာလိုက်တာ ငါဒီမှာစောင့်နေတာ  နေကပူ ခြေထောက်တွေလဲညောင်း​ေနပြီ"

ညွှန်းသူမစီးလာတဲ့ဆိုင်ကယ်ကို လက်ညိုးထိုးပြီး

"ဒါနဲ့ ငါကဒါကြီးနဲ့လိုက်ရမှာလား နင်မောင်းတတ်တာကောသေချာရဲ့လား"

မောင့်အန်တီWhere stories live. Discover now