5

724 47 9
                                    

Unicode

ဆရာပေါက်ရဲ့ အိမ်ကိုရောက်တော့ ကားရပ်ပြီး လှည့်ကြည့်လိုက်တော့ အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို ရိပေါ်ငေးနေလိုက်မိသည်.... မျက်နှာကိုပြင်ထားတာကြောင့် ပြောင်လက်ဝင်းလက်နေသည်.. မျက်ခုံမို့မို့လေး မှာလည်း bling bling လေးတွေနဲ့ မျက်လုံးမှိတ်ထားတာတောင် လှနေစေသည်... ပြီးတော့ ရင်ဘတ်ဟပြဲ လေးကလည်း အိပ်နေတာကြောင့် တဖက်ကိုလျှောကျနေသည်.. 

"ကျစ်" 

နိုးလိုက်ဖို့စဉ်းစားပေမဲ့ နှစ်ခြိုက်စွာအိပ်ပျော်နေတာကြောင့် ရိပေါ် သူ့ရဲ့အပေါ်အင်္ကျီကိုသာ ချွတ်ပြီး ခြုံထားပေးလိုက်သည်... ပြီးတော့ ကား steering ပေါ် လက်တင်ပြီး ပါးအပ်ကာ ဆရာပေါက်ကို ထိုင်ကြည့်နေလိုက် သည်... ခုရက်ပိုင်း ရိပေါ် ကိုယ့်ကိုယ်ကို သတိထားမိတာကြာပြီဖြစ်သည်..

ဆရာပေါက်ကို ပင်ကိုအကျင့်အရ စနောက် ဂျစ်တိုက်ပေမဲ့ တကယ်တမ်းကတော့ ဆရာ့ကို မတွေ့ရမနေ နိုင်ဖြစ်နေပြီ.. ပြီးတော့ ဆရာပေါက်စိတ်ဆိုးတဲ့ပုံလေးကိုဆို ဘာကိုအသည်းယားလို့ယားမှန်းမသိတာ ကြောင့် ခဏခဏ ဒေါသထွက်အောင်စချင်တာဖြစ်သည်....

စာသင်တဲ့ ၄ လအတောအတွင်းမှာ ရိပေါ် အမြဲသတိရနေတဲ့သူကိုလည်း သတိမရတော့သည်ကိုလည်း ခုရက်ပိုင်းတော့ သတိထားမိလာသည်... 

ရိပေါ်ငေးနေတုန်း ရှောင်းကျန့်ရဲ့ မျက်ခွံလေးတွေလှုပ်လာတာကြောင့် ချက်ချင်းတခြားဘက်ကိုလှည့်ပြီး မျက်လုံးမှိတ်ထားလိုက်သည်...

ရှောင်းကျန့် ဘယ်လိုအိပ်ပျော်သွားမှန်းမသိဘဲ နှိုးလာတော့ မိမိကိုယ်ပေါ်မှာ ရိပေါ်ရဲ့ အပေါ်အင်္ကျီရှိနေတာကြောင့် ရိပေါ်ကိုကြည့်လိုက်တော့ steering ကို လက်နှစ်ဖက်မှီထားပြီး ပြတင်းပေါက်ဘက် လှည့်နေသည် ကိုတွေ့ရသည်... ရှောင်းကျန့်လည်း ကား lock ကို ဖွင့်ပြီးအပြင်ထွက်ပြီး ကားမောင်းတဲ့ဘက်က ပြတင်း ပေါက်ကို သွားကြည့်လိုက်သည်.... ရိပေါ်က လက်မောင်းပေါ် ပါးမှီထားတာကြောင့် ပါးတဖက်က ဖေါင်း ထွက်နေပြီး နှုတ်ခမ်းလေးကလည်း ဆူထော်နေသည်... ဘယ်လောက်ပဲ လူဆိုးပုံစံလုပ်ထားထား အသက် ၁၉ နှစ်ဆိုတာ ကလေးပဲရှိသေးတာကြောင့် အိပ်နေချိန်တော့ တကယ့်ကလေးပေါက်လိုပဲဖြစ်နေသည်... ဖြူဖွေးတဲ့ အသားအရည်နှင့် ဖောင်းတစ်နေတဲ့ ပါးကို ကြည့်ပြီး ရှောင်းကျန့်တောင် အသည်းယားလာသည်.. 

You've reached the end of published parts.

⏰ Last updated: Jul 20 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော့်တပည့် လူဆိုးလေးWhere stories live. Discover now