1 (Uni)

1.1K 111 3
                                    

သူရှိရာအရပ်တိုင်း
နေခြည်တွေလည်းနုပါစေ
လေပြည်တွေလည်း အေးပါစေ


မင်းလက်ဝါး Express ကားဟာ ညောင်ညိုရိပ်မှာ ရပ်လိုက်တယ်ဆိုရင်ပဲ ဟေးခနဲ အော်သံတွေ ဆူညံသွားတယ်။

" ပုဂံ ဆိုတာ ဒါလားကွ ,တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲ "

ကားပေါ်က ဆင်း ,ဆင်းချင်းပဲ လက်နှစ်ဖက်ကို ဆန့်တန်းပြီး စိတ်ပျော်အူရွှင်စွာ ပြောလိုက်တဲ့ ထွေး ။မနှေးစွာပဲ နောက်​စေ့ကို ချခံလိုက်ရပါတယ်။

" နင့်မေကြီးတော် ပုဂံက ဘယ်ပြေးရမှာလဲ မရွေ့တာဟ "

ထွေးက နောက်စေ့ကို ပွတ်ရင်း ရိုက်တဲ့သူကို မျက်စောင်းထိုးလိုက်တယ် ။ကားပေါ်က ဆင်းလာကြတဲ့သူတွေက ပိတ်ရပ်နေတဲ့ သူတို့နှစ်ယောက်ကို တွန်းတိုက်ကာ ဆင်းသွားကြတယ်။

" ဟေ့ ဟေ့ ဒါ ဘယ်လဲ ဟိုနှစ်ယောက် ကိုယ့်အိတ်ကိုယ်သယ်လေ "

မမကြီးက နှစ်ယောက်လုံးကို ပခုံးတစ်ချက်စီ ရိုက်ရင်း အိတ်ကိုဆွဲကာ ညောင်ညိုပင်ရိပ်အောက်က ကွပ်ပျစ်ဆီ လျှောက်သွားတော့သည်။နှစ်ယောက်သားကလည်း ပခုံးချင်းတိုက်ပြီး ကားပေါ်တက်ကာ ကျောပိုးအိတ်ကို ယူရလေသည်။

ခပ်ဝေးဝေးက ပြေးလွှားလာကြတဲ့ ပုံရိပ်တွေက ထနှောင်းရဲ့ နှုတ်ခမ်းတွေကို တွန့်ကွေးစေတယ်။Express ကားကြီးနဲ့ အတူ ဟေးလားဝါးလား ပျော်နေကြတဲ့ ဆယ်ကျော်သက် လူငယ်တစ်စုဟာလည်း သူ့အာရုံမှာ တဖြေးဖြေး ဝေဝါးပျောက်ကွယ်သွားတယ်။ထနှောင်း ခြေလှမ်းတွေက ညောင်ညိုပင်ရိပ်အောက်က ကွပ်ပျစ်ဆီသို့သာ။

ပုဂံကို မလိုက်ဖြစ်ခဲ့ရင် ဒီဇာတ်လမ်းက ရှိလာခဲ့မှာ မဟုတ်သလို ထွေးနဲ့လည်း ဝေးခဲ့ရမှာ မဟုတ်ဘူး။

ထနှောင်းငယ် နဲ့ ဆုအိမ်ထွေး ဆိုတာ မွေးကတည်းက ပုခက်တစ်ခုထဲ အတူအိပ်ပြီး မိခင်နို့ရည်လုစို့ခဲ့ရတဲ့ ဖွားဖက်တွေ။ထွေးက အင်္ဂါနေ့မှာ မွေးပြီး ထနှောင်းက စနေနေ့မှာ မွေးလို့ ထွေးက ထနှောင်းထက် ၄ ရက်ကြီးသည်။ထွေးရဲ့ မေမေ ကြီးကြီးမော်က နို့ရည်မထွက်တော့ ထနှောင်းမေမေ ဆီ့မှာ ထနှောင်းနဲ့အတူ နို့ရည်အတူမျှစို့ခဲ့ရတာ။

တစ်သက်မှာတစ်ခါ တစ်ခါမှာ တစ်ယောက်Where stories live. Discover now