Description

95 6 1
                                    

Lu Gu က သူ့အစ်ကိုအစား ကျင်ရှီရွာက ကြမ်းတမ်းတဲ့ မုဆိုးကို လက်ထပ်ရတယ်။ သူဘယ်လို ငြင်းဆန်ပါစေ ရိုက်နှက်ခံရပြီး မင်္ဂလာလှည်းပေါ် အတင်ခံခဲ့ရတယ်။ 

ရှန်မိသားစုက ဘယ်လိုလုပ် ဒီလိုမျိုးကို လက်ခံနိုင်မှာလဲ။ ရန်ပွဲ ပြင်းထန်စွာ ဖြစ်ပြီးနောက် Lu Guက ရှန်မိသားစုဆီ  ခေါ်သွားခံခဲ့ရတယ်။ သူက ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းဖို့ အားယူခဲ့တယ်။

လက်ထပ်ပြီးဘဝက ထင်ထားတာထက် ပိုပြီးဒုက္ခနည်းသွားမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ သူက အရိုက်မခံရဘဲတောင် ဗိုက်ဖြည့်နိုင်တယ်လေ။ Shen Xuanqingက သူ့အတွက် ကြက်ပေါက် ဘဲပေါက်လေးတွေ ဝယ်ပေးပြီး အိမ်နောက်ဖေးမှာ သူတို့ကိုမွေးဖို့  ခြံစည်းရိုးဆောက်ပေးခဲ့တယ်။ Lu Guက အိမ်နောက်ဖေးမှာ ထိုင်ပြီး ကြက်ပေါက် ဘဲပေါက်လေးတွေကို ထိကြည့်နေတယ်။ တုန်လှုပ်ပြီးနောက်မှာ ပျော်ရွှင်သွားတယ်။ Shen Xuanqingက ဒါတွေ သူ့အပိုင်လို့  ပြောတယ်။

အပြင်သွားမလို့လုပ်နေတဲ့ Shen Xuanqingက ပထမဆုံးအကြိမ်အဖြစ် Lu Guဆီက သူ့အင်္ကျီလက်စဆွဲပြီး အတားခံခဲ့ရတယ်။ သူ့ဇနီးလေးက  သေးငယ်တဲ့ ရှက်ပြုံးလေးနဲ့ ဂျုံကိတ်တွေထည့်ထားတဲ့ အိတ်သေးလေး လှမ်းပေးပြီး သူတောထဲသွားရင်  စားဖို့အတွက်လို့  ပြောလာတယ်။

Shen Xuanqingက  တောင်ပေါ်မှာ ကိတ်တွေကို အမူအရာမဲ့စွာနဲ့ စားနေတယ် ဒါပေမယ့် သူ့ရင်ထဲမှာတော့ သူ့ဇနီးလေးက အရမ်းလိမ္မာတယ်လို့ တွေးနေခဲ့တယ်။ သူ့ဇနီးလေးက ပြုံးရင် ကြည့်လို့ကောင်းပေမယ့် အရမ်းပိန်နေတယ်။





ချိုမြိန်သောခင်ပွန်းလေးWhere stories live. Discover now