ပင်လယ်ပြာကြီး
မျက်စိတစ်ဆုံးမြင်နေရတဲ့ပင်လယ်ပြာကြီး
လှိုင်းမထန်ပဲတည်တည်ငြိမ်ငြိမ်ပဲရှိနေခဲ့တယ်
ပယ်လယ်ထဲကိုထိုးထားတဲ့သစ်လုံးတံတားတိုလေးပေါ်လမ်းလျှောက်ချင်ခဲ့တယ်
နေရောင်ခြည်နွေးနွေးကိုခံစားမိပြီး
လေညှင်းတွေကသဲ့သဲ့လေးတိုက်ခတ်နေတယ်
လေအဝှေ့မှာဆံနွယ် တွေနဲ့အတူမြက်ပင်ပန်းပင်တွေလှုပ်ရမ်းနေကြတယ်
ကမ္ဘာပေါ်မှာရှိတဲ့ငြိမ်းချမ်းမှု့အကုန်လုံးကဒီနေရာမှာပဲစုပြီးရှိနေသလိုမျိုး
စိတ်တွေအေးချမ်းသွားခဲ့တယ်
ဒီလိုမျိုးတစ်သက်လုံးငြိမ်းချမ်းသွားချင်တယ်