Her
............တွမ် ဟာ လမ်းဖြတ်ကူးဖို့ပလက်ဖောင်းပေါ်မှာရပ်စောင့်နေပါတယ်။
လက်ကနာရီကို တွမ်တစ်ချက်ကြည့်လိုက်တော့၉နာရီခွဲပြီ။ တစ်ကယ်ဆို ဒီအချိန်ရုံးရောက်ဖို့သင့်နေပြီဖြစ်ပေမယ့် တွမ် ဟာအေးဆေးပါပဲ။ ဘာမှလောမနေဘူး။ တစ်ရက်တစ်လေ နောက်ကျတာ လစာတော့မဖြတ်လောက်ပါဘူးလို့ တွမ် တွေးနေတယ်။
ပလက်ဖောင်းပေါ်မှာ တွမ့်လိုပဲ လမ်းကူးဖို့လူတွေအများအပြား ရပ်စောင့်နေကြတယ်။
တွမ် ရဲ့မြင့်မားတဲ့အရပ်ဟာ လူအုပ်ထဲကနေ ထိုးထွက်နေတယ်။နံနက်ခင်းလေပြေအေးလေးက တွမ့် စိတ်ကိုလန်းဆန်းနေစေတယ်။
မျက်နှာချင်းဆိုင်လမ်းတစ်ဖက်မှာလဲ လမ်းကူးဖို့ စောင့်နေကြတဲ့ လူ အစုကို တွေ့ရတယ်။
လူတွေအများကြီးထဲကမှ ရှေ့ဆုံးတစ်နေရာ
မှာ ရပ်နေတဲ့ တစ်စုံတစ်ယောက်ကိုတွမ်သတိထားမိသွားတယ်။ပျော့ပျောင်းပြီး ခါးထိရှည်လျားတဲ့ အဝါရောင်ဆံကေသာတွေ ပိုင်ဆိုင်ထားတဲ့ မိန်းကလေး
တစ်ယောက် ။ သူမရဲ့ ပြာလဲ့လဲ့မျက်ဝန်းများက ဝိုင်းစက်နေပြီး ဆွဲဆောင်မှုရှိတယ်လို့ တွမ်ထင်တယ်။သူမဆီက နုပျိုလှပခြင်းတွေကို အပြုံးလှလှလေးတွေနဲ့အတူ တွမ်မြင်နေရတယ်။
သူမ ဟာ ဖုန်းပြောနေပါတယ်။ ဖုန်းကို နားနားကပ်ထားရင်း တစ်ခါတစ်ခါ သူမ ပြုံးလိုက်တဲ့အခါ နီမြန်းနေတဲ့ ပါးမို့လေးနှစ်ခုက မြင့်တက်သွားပြီး
ညီညာနေတဲ့ သွားတန်းဖွေးဖွေးလေးတွေပေါ်လာတတ်တယ်။အနက်ရောင်လည်သာဂျက်ကင်ပွပွကို ဂျင်းပန့်နဲ့
တွဲပြီးဝတ်ဆင်ထားတဲ့ သူမ ပုံစံလေးက သာမာန်ပဲ
ဆိုပေမယ့် တွမ့်မျက်လုံးထဲမှာတော့ သူမ ဟာ
အများနဲ့မတူပဲ ကွဲထွက်နေတယ်။ဘေး လူတွေအမြင်မှာတော့ တွမ်ဟာ တစ်ယောက်ထဲ ပြုံးနေပြီး ရူးနေပြီလို့ထင်ကြလိမ့်မယ်။
ဒါတွေကို တွမ် ဂရုမစိုက်ပါဘူး။ လမ်းတစ်ဖက်ကအပြာရောင် မျက်ဝန်းနဲ့ ဆံဝါမလေးက တွမ့်ရဲ့ အာရုံတွေကို ဖမ်းစားထားတယ်။
YOU ARE READING
Her
Short Storyဒီတစ်ပုဒ်ကိုတော့ ကိုယ်..James Blaunt ရဲ့ you're beautiful ဆိုတဲ့သီချင်းလေးကိုနားထောင်ပြီး ရေးဖြစ်သွားတာပါ...one shot လေးပါပဲ...