ပတ်ဝန်းကျင်သည် အမှောင်ထုနှင့်ဖုံးလွှမ်းနေပြီး တဖျတ်ဖျတ်လက်နေသော အလင်းမှုန်လေးများရှိနေသည်။ လှုပ်ရှားဝေ့ဝဲနေသော ထိုအလင်းမှုန်များသည် ကြယ်မဟုတ်ပေ။ငါသေသွားပြီလား...
သူ(မ)၏တစ်ကိုယ်လုံးသည် ဆွဲငင်အားမရှိသေားခံစားချက်နှင့် လွင့်မျောနေသည်။ ခြေသလုံးတစ်ဝက်အထိရှည်သော လက်ဇကဂါဝန်အဖြူသည် သူ့(မ)ကိုယ်တွင် ဝတ်လျက်သား။
သေသွားရင် ဂါဝန်အဖြူကတစ်ခါတည်း ဝတ်ပြီးသားလား။ ရှာစရာမလိုဘူးပေါ့။
သို့ပေတည့် ဤ ဒီဇိုင်းကိုသူ(မ)မကြိုက်ပေ။ ဖြစ်နိုင်လျှင် ကိုယ်တိုင်သွားရှာချင်ပါ၏။
“နာမည်က ဆူးနှင်းပန်း။ အသက် ၂၂နှစ်။ မတိုင်ခင်က ကားအက်ဆီးဒင့်ဖြစ်ခဲ့တယ်။ အာ.. လုပ်ကြံခံရတာပဲ အငြိုးနဲ့ကလဲ့စားချေလိုစိတ်ပြင်းထန်တယ်။”
“ဘယ်သူလဲ! ”
ဘယ်ကမှန်းမသိသောသော စက်ရုပ်လိုအသံသည် မိမိအကြောင်းပြောနေမှတော့ မလန့်ပါလျင်ထူးဆန်းနေမည်သာ။
“မင်းရဲ့ God ”
ဆူးနှင်းပန်း “......”
ရယ်စရာကောင်းမနေဘူး။
“ကျွန်မဘာလို့ဒီကိုရောက်နေရတာလဲ။ ကျွန်မ သေသွားပြီလား။ ရှင်ကရော ဘာလဲ။”
“မင်းမသေသေးဘူး။ ဒါပေမယ့် သေသွားနိုင်တယ်။ အသက်ရှင်လို့လဲရတယ်။ မင်းဒီကိုရောက်နေရတဲ့ အကြောင်းအရင်းက ဒါကိုရွေးချယ်ဖို့ပဲ။ ငါကဘာလဲဆိုတော့ မင်းကိုအခွင့်ပေးမယ့်သူပဲ။ ”
“ကျွန်မနားမလည်ဘူး။ သေမလား ရှင်မလား ဆိုတာ ကိုယ်တိုင် ရွေးချယ်ရမယ်လို့ပြောတာလား။ အဲ့လောက် လွယ်မယ်တော့ မထင်ဘူးနော်။ ”
“ဒါပေါ့... မလွယ်ဘူး။ အပေးအယူရှိတယ်။ မင်းလက်ခံပြီးလို့ အောင်မြင်ရင် ရှင်မယ်။ မအောင်မြင်ရင် သေမယ်။”
“လက်မခံရင်ကော”
“သေမယ်”
ဒါကိုများရွေးချယ်စရာလို့ပြောနေသေးတယ်
“ကျွန်မဘာလုပ်ရမှာလဲ”
“ပုံရိပ်ယောင်ကမ္ဘာတွေဆီကိုသွား။ကံကြမ္မာတွေကိုပြောင်းလဲခဲ့။”
ထိုအချိန်တွင် သူမခေါင်းထဲစကားလုံးတစ်လုံးသာရှိသည်။
System?
“ကျွန်မလက်ခံတယ်”
“ဟုတ်ပြီ”
Host - Sue Hnin Pann /code.0403
Age - 21
Survival Bar - 0%
Rank - F“ဒါမင်းရဲ့ AI assistantပဲ။ code. 091”
“ရှဉ့်ဖြူလေး?”
သူ(မ)ရှေ့တွင်ရှိနေသည်မှာ အိပ်ပျော်နေသော ရှဉ့်ဖြူလေးဖြစ်သည်။ ထို့နောက် တဖြည်းဖြည်းပွင့်အာလာသော မျက်လုံးဝိုင်းဝိုင်းလေးသည် နီလာကျောက်လေးနှင့်တူသည်။
ခဝါအီ!!!
“အင်..! ကျွန်တော့်dutyလား”
“ code.091 ဒါမင်းရဲ့ Hostအသစ် code.0403။ မင်းဆီကို အချက်အလက်တွေ ပို့ပေးထားတယ်။”
“မင်္ဂလာပါ virtual world တွေမှာ Hostကိုအကူအညီပေးမယ့် AI assistant code. 091ဖြစ်ပါတယ်။ Hostသိဖို့လိုအပ်တာတွေကို ကျွန်တော်ကရှင်းပြပေးပါ့မယ်။ ပြီးရင် missionစကြတာပေါ့။”
“နင့်နာမည်ဘယ်လိုခေါ်လဲ။ code.091ပဲလား”
မမျှော်လင့်ထားသည်ဖြစ်သောကြောင့် 091 အနည်းငယ်ကြောင်အသွားသည်။
“အင်း code.091ပဲ”
“ဟင်... အဲ့ဒါကြီးက ခေါ်လို့မကောင်းပါဘူး။ ငါနင့်ကိုနှင်းလုံးလေးလို့ခေါ်မယ်လေ... နင်ကဖြူဖြူဖွေးဖွေးလေးဆိုတော့။ ဟီး... ”
“အင်း...”
ဒီပုံစံလေးနဲ့ missionအောင်ပါ့မလား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Host – Hsue Hninn Pann
System (AI) – code. 091All arc
Arc 1 - School Romance
(မီယမ်မာပေါကားထဲက ဇာတ်လိုက်ရဲ့ စေ့စပ်ထားသူ သတို့သမီးလောင်းလေး) (ရွှေနှင်းဆီမေ)Arc 2 - In The Family Drama
Arc 3 - Destiny Between Us
Arc 4 - Ocean's Treasure
Arc 5 - The Queen
Arc 6 - Oh My Dumb Cinderella Step-sis
Arc 7 - Rising The Movie King
Arc 8 - Beating The Reborn Protagonist
Arc 9 - Doctoress Zombie
Arc 10 - Back To The Colonial Period
Arc 11 - Fashion Of Love
Arc 12 - Female Lead vs Female Lead
Arc 13 - The Useless Female Beta's Game
Arc 14 - The Mafia Boss Is Mine
Arc 15 - Fantasy With Bling Bling Blood
Real World - Our Forever
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
12.12.2023🧡
आप पढ़ रहे हैं
Zero to Hero villain system
काल्पनिकသူ(မ)အချစ်အတွက် မည်သည့်အရာမဆို ပေးဆပ်ခဲ့သော်လည်း ပြန်ရလိုက်တာကတော့ သစ္စာဖောက်မှုပင်။ မတရားမှုဖြင့် သေဆုံးပြီးနောက် သူ(မ)၏ဝိညာဉ်သည် Systemတစ်ခုနှင့် ချိတ်ဆက်မိသွားသည်။ ထိုအချိန်မှစ၍ သူ(မ)သည် ဆက်လက်ရှင်သန်ပြီး လက်စားချေနိုင်ရန်အတွက် Systemနှင့်အပေးအယူ...