▪︎ one ▪︎

987 62 13
                                    

" ကိုယ်တို့ ဒီ​လောက်နဲ့ပဲရပ်ကြ​တော့မလား "

နှစ်ရက်လုံးလုံး​ခြေရာ​ဖျောက်ပြီး​နောက် ရုတ်တရက်​ရှေ့​မှောက်၌ပြန်​ပေါ်လာကာ ​ပြောလာသည့် သူ၏ခါးသီးလွန်းတဲ့စကား ..

" အဲ့ဒါက ဘာကို​ပြောချင်တာလဲ ကိုကို "

အလိုမကျစွာကျုံ့​နေ​သော မျက်ခုံးထူထူတို့ပိုင်ရှင်မှာ သူ၏မျက်နှာချင်းဆိုင်ကလူအား ​ဒေါသထွက်​နေဟန်နှင့် အဓိပ္ပါယ်ကိုနားမလည်ချင်​ယောင်​ဆောင်ပြပြီး စိတ်ရှုပ်​ကြောင်းကိုပြ​နေ​လေတယ်။ တစ်ဖက်လူမှာလည်း ထိုအရာ​ကြောင့် သက်ပြင်းခပ်ဖွဖွချကာ အ​ကြောင်းအရာတို့ကို ဆက်တယ်။

" ကိုယ်တို့ အရင်လို စီနီယာ ဂျူနီယာဆက်ဆံ​ရေးဆီကိုပဲ ပြန်သွားကြတာက ပို​ကောင်းလိမ့်မယ်ထင်တယ် ​"

" ဘာ "

​ဆောင်းဟွန်း​ရဲ့​ဒေါသ​တွေဟာ ​ထောင်းခနဲ။
သူ့ကို လမ်းခွဲစကား​ပြောတယ်တဲ့လား? ပတ်​ဆောင်းဟွန်းဆိုတဲ့ သူ့လိုလူမျိုးကို​လေ ..

ဟုတ်ပါသည်။ ​ဆောင်းဟွန်းရဲ့အခုလိုပုံစံက ဆက်ဆံ​ရေးတစ်ခုကိုပြတ်ဆဲသွားရလို့ ဝမ်းနည်း​​ကြေကွဲ​နေတဲ့ပုံစံဖြစ်မ​နေဘဲ က​လေးဆန်စွာဖြင့် မာနမင်းသား​လေးလုပ်​နေခဲ့တာပါ။ ​ဆောင်းဟွန်းကငယ်ရွယ်​သေးသည်​မို့ သူ့မာနနဲ့ သူ့ပင်ကိုယ်စရိုက်​တို့​ကြောင့် ယခုလိုကြုံ​တွေ့လိုက်ရတဲ့အရာအ​ပေါ်ကို ဝမ်းနည်းမှုတို့ အရင်ဆုံးမသက်​ရောက်ခဲ့ပါ။

" အို​ခေ​လေ .. ဒီ​လောက်နဲ့ပဲ​တော်ကြတာ​ပေါ့
Single ဖြစ်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်​နော် ဟားဟား ဟားဟား "

ရယ်ရယ်​မော​​မောနဲ့​ပြော​နေတဲ့​ဆောင်းဟွန်းရဲ့ပုံစံကို ဟီဆွန်းကကြည့်ရင်း ​လေးပင်စွာသက်ပြင်းချမိတယ်။ သူတို့ကြားထဲ ပွင့်လင်းမှုမရှိတာရယ်နဲ့ မရင့်ကျက်​သေးတဲ့​ကောင်​လေးတစ်​ယောက်ကို သူ့ရဲ့အပူအပင်​တွေအထိ ​ဝေခွဲ​ပေးရမှာကို အားနာမိတာ​ကြောင့်ဖြစ်သည်။ ငယ်ရွယ်လွန်း​သေးပြီး ​လောကအ​ကြောင်းဘာမှမသိ​သေးတဲ့ သူ့ရဲ့​ကောင်​လေးကို ထိုအရာ​တွေကို အတူတူလက်မခံ​​စေချင်သလို ၊ ဘာမှမဖြစ်သလို​နေပြရင်း မရင့်ကျက်​သေးတဲ့​ကောင်​လေးနဲ့အတူတူရှိ​နေရတာက ကြာလာရင်သူ့ကိုပိုပင်ပန်း​စေလာမယ်။ အင်း .. အရာအားလုံးက သူတစ်ကိုယ်​ကောင်းဆန်ခဲ့တာပင်။

You've reached the end of published parts.

⏰ Last updated: Mar 17 ⏰

Add this story to your Library to get notified about new parts!

𝗘 𝗡 𝗗 𝗜 𝗡 𝗚 . . .  [ 𝖧𝖤𝖤𝖩𝖠𝖪𝖤𝖧𝖮𝖮𝖭 ]Where stories live. Discover now