Open
လမ်းမဘက်ကို မျက်နှာမူထားတဲ့ close ဆိုသည့်စာတန်းကို ပြောင်းပြန်လှည့်လိုက်ပြီး သေချာပြန်ပြင်လိုက်သည်။ မက်သရူး ဒီမနက်အိပ်ရာထနောက်ကျသောကြောင့် ဆိုင်ဖွင့်ဖို့အချိန်ပါနောက်ကျသွားသည်။ အပြင်ကိုတစ်ချက်လှမ်းကြည့်လိုက်တော့ တဖွဲဖွဲကျနေသော နှင်းစက်များက ဆောင်းရာသီရဲ့ အငွေ့အသက်ကို အပီအပြင် ပုံဖော်ပေးနေသလိုပင်။ ရာသီဥတုရဲ့ အလှအပကို တစ်စိမ့်စိမ့်ထိုင်တွေးနေဖို့ မက်သရူးမှာ အချိန်မရှိတာမို့ အလျင်အမြန်ပင် အကြည့်လွှဲလိုက်ပြီး ဆိုင်ထဲမှာလုပ်စရာရှိတာလုပ်နေလိုက်သည်။ ဗိုက်ဆာနေပေမယ့် ခဏနေ ပန်းအော်ဒါပို့စရာရှိတာမလို့ အပြန်ကျမှပဲ တစ်ခုခုစားရန် စဉ်းစားထားသည်။အချိန်တစ်ခုအကြာမှ အပြင်ကိုထပ် မျက်စိကစားကြည့်လိုက်တော့ ဆိုင်ရှေ့မှာ ရပ်နေတဲ့လူတစ်ယောက်ကိုတွေ့သည်။ အလုပ်ထဲအာရုံရောက်နေတာမလို့ ဘယ်အချိန်ကတည်းက အဲ့ဒီမှာရပ်နေမှန်းမသိလိုက်ပေ။ ပန်းဝယ်မလို့ ရွေးနေတာများလားဟုတွေးလိုက်ပြီး ဝင်လာမယ့်အချိန်ကိုသာစောင့်နေလိုက်သည်။ သုံးမိနစ်လောက်ကြာတဲ့ အထိ အဲ့ဒီလိုပဲရပ်နေပြီး တစ်နေရာထဲကို စူးစိုက်ကြည့်နေသောကြောင့် မက်သရူးသိချင်စိတ်ဖြင့် ဆိုင်အပြင်ကိုထွက်လာခဲ့လိုက်သည်။
"ပန်းဝယ်ချင်လို့လားဗျ"
"..........."
မက်သရူး မေးလိုက်ပေမယ့် အဖြေပြန်မရပါ။ သူ့ကို တစ်ချက်သာလှည့်ကြည့်ပြီး ဆိုင်ထဲကိုပဲအကြည့်ပြန်ရောက်သွားသည်။ ထိုလူကြည့်နေသည့်နေရာကို မက်သရူးပါလိုက်ကြည့်လိုက်သည်။
"အာ...အဲ့ဒါ love in a mist လေ။ Katherine's flower လို့လည်းခေါ်ကြတယ်။ သူ့ကိုပဲနောက်ထပ် ခေါ်တဲ့အခေါ်အဝေါ်တွေလည်းအမျိုးမျိုးရှိသေးတယ်။ အခေါ်တွေအများကြီး ရှိသလို အဓိပ္ပာယ်တွေလည်း အမျိုးမျိုးပဲ။"
ပန်းကိုစိတ်ဝင်စားတယ်ထင်လို့ မက်သရူးရှင်းပြလိုက်တော့ သူ့ဘက်ကို အံ့ဩသည့် ပုံစံဖြင့်စိုက်ကြည့်နေပြီးမှ
"ဘယ်လိုအဓိပ္ပာယ်တွေလဲ။" ဟုမေးလာသည်။
"တစ်ချို့ကျ စိတ်ရှုပ်တယ် ဆိုတဲ့အဓိပ္ပာယ်လို့ပြောကြတယ်။ လူနှစ်ယောက်ကြားမှာရှိတဲ့နှောင်ကြိုး လို့လဲပြောကြတယ်။ တစ်ချို့ကျတော့ အိပ်မက်ထဲမှာပဲတွေ့ရတဲ့အချစ် လို့ အဓိပ္ပာယ်ဖွင့်ကြတယ်။"

YOU ARE READING
Forget me not
Romancemistletoe ပန်းတွေရဲ့ အဓိပ္ပာယ်ကိုသိလား ဟျောင်း။ တစ်ယောက်ယောက်ကို နမ်းဖို့ ခွင့်တောင်းချင်တဲ့အခါ mistletoe ပန်းကို လက်ဆောင်အဖြစ် ပေးဖြစ်ကြတယ်တဲ့။ ဟျောင်း ကျွန်တော့်ကို နမ်းလို့ရမလား။