p9

687 14 0
                                    

"ဒေါက် ...ဒေါက်...."

အပြင်မှ တံခါးခေါက်သံ ခပ်ပြင်းပြင်း ကြားရသော်လည်း ခွန်က ဘာမှ မမူသကဲ့သို့ပင်...။ ငယ် ၏ အင်ကျီ ကြယ်သီးတစ်လုံးအား အတင်းဆွဲဖြုတ်လိုက်ရာ သူ၏ လည်တိုင်ကျော့ကျော့မှာ ပို၍ ပင် ထင်ရှားလာ၏။ ခွန်က သူလေး၏ လည်တိုင်လေးကို ပြင်းပြင်းရှရှ နမ်းရှိုက်ကာ ...သူ့ ကိုယ်သင်းနံ့များကို ခံစားနေမိသည်။

"ဒေါက်...ဒေါက်...ငယ် အထဲမှာလား..."

တံခါးခေါက်သံများ အဆက်မပြတ်သလို တိုင်း၏ အသံမှန်း နှစ်ဦးသားမှတ်မိနေကြသည်။ ထို့ကြောင့် ထို အနေအထားမှ အမြန်ဖယ်ခွာလိုက်၏။ ထိုမှ ငယ် မှာ တံခါးဆီ ဦးတည်သွားကာ......

"ငယ် ဒီမှာ....ဘာဖြစ်လို့လဲ....ကိုတိုင်း..."

"ဘာမှ မဖြစ်ပါဘူး ဒီ အတိုင်း ငယ့် ကိုရှာမတွေ့လို့...ပြန်သွားကြမယ်လေ..."

"အင်း...."

အမှတ်တမဲ့မို့ သူလေးကတော့သိမည် မထင်..။ သူ၏ လည်တိုင်တွင် ဘာအမာရွတ်မှန်းမသိသော် ငြားလည်း ဤ အရာက ဆွဲဆောင်မှု တစ်မျိုးလို ....။ သူ မသိအောင် အသာငေးကြည့်ရုံမှ တစ်ပါး တိုင်း လည်း မတတ်နိုင်...။ ခုပင် သူလေး၏ လက်ကို ပိုင်စိုးပိုင်နင်း ဟု ဆိုသော်ငြားလည်း အသာကိုင်ထားမိနေပြန်ပြီ....။

"တောက်"

မိမိရှေ့ပင် လက်တွဲထားသည့် ထိုနှစ်ယောက်..။ ခွန်၏ ရင်ထဲ အပူမီးများ တစ်ခုစီတိုး​ေ၀ှ့သွားလေ၏။ ဟူး....လေးသက်စွာပင် သက်ပြင်းကို မသာမယာ ချလိုက်သည်။

.............................................

မနက် 7:00..

ဤနေ့က လွန်း ရုံးကို စောစောထွက်ခဲ့ လိုက်၏။ အကြောင်းကား အလုပ်ကို လတ်စသတ်ချင်သေး၍....။  သူ၏ နေရာသို့ရောက်သောအခါ.....

"ဟင်..."

ပန်းစည်းတစ်စည်းနှင့် ကော်ဖီတစ်ခွက်...။ မည်သူ့ လက်ချက်မှန်းသူ ရိပ်မိပါသည်။သေချာသည်  ဤ ပစ္စည်းများ ၏ နောက်ကွယ်တွင်  ပိုင်ရှင်ရှိနေပေ လိမ့်မည်ဆိုတာ......။ မည်သူမှ မရောက်သေး၍ ရုံးခန်းမှာ တိတ်ဆိတ်နေသော်လည်း လွန်းအား တစ်စုံ တစ်ယောက်က စောင့်ကြည့်နေသလို....။

အေးစက်သော ရင်ခွင်Where stories live. Discover now