နှလုံးသားနှင့်လဲလှယ်ခဲ့သည်...💘(part-2)

293 35 10
                                    

ကိုကိုနှင့်ပတ်သတ်သော သတင်းပေါင်းမြောက်မြားစွာဟာ ဟိုးလေးတကျော်။ အဆိုတော်ကောင်မလေးတွေ ၊ မော်ဒယ်မင်းသမီးလေး တွေနှင့် ကောလဟာလ ပြဿနာတွေ ၊ နာမည်ကြီးခါစ မင်းသမီးပေါက်စလေးနှင့် ကိုကိုအတူလက်တွဲပြီးထွက်လာသော ပုံတွေ။

ထိုသတင်းပေါင်း မြောက်များစွာထဲမှာမှ ဂျောင်ကုတို့ဆေးရုံ၏ အရေးပေါ်ခန်းတွင် ကိုကိုရောက်နေသည် ဆိုသော သတင်းကတော့ ဂျောင်ကု မျက်ဝန်းတွေ မူးဝေမှောင်မိုက်သွားသည်အထိ နာကျင်စေခဲ့သည်။

✉✉✉✉✉✉✉

✉✉✉✉✉✉✉✉✉✉✉✉

✉✉✉✉✉✉✉✉✉✉✉✉✉✉✉

အဆိုတော်ကောင်မလေးနဲ့အတူ ကိုကို ကားပေါ်မှ အတူဆင်းလာသည်ကို တိုက်ခန်းဝရံတာကနေဂျောင်ကုလှမ်းမြင်နေရသည်။ထိုကောင်မလေးက ကိုကို့ပါးကိုနမ်းပြီးမှ နှုတ်ဆက်ကာ ထွက်သွားသည်ကိုလည်း ဂျောင်ကုမြင်ပါသည်။

"ကျွန်တော်နာကျင်လိုက်တာ ကိုကိုရာ"

အခန်းတံခါးကို ကိုကိုဖွင့်ပြီးဝင်လာတော့ ဝရံတာကနေအခန်းတွင်းပြန်ဝင်လာသောဂျောင်ကုနှင့်ဆုံသည်။ကိုကို့ မျက်ဝန်းတွေအနည်းငယ် လှုပ်ရှာသွားသည်ကို သတိထားမိသည် ။ သို့ပေမယ့် အမူအရာကတော့ အနည်းငယ်မျှ ပျက်ယွင်းခြင်းမရှိ။

တကယ်ဆို ကိုကို ကျွန်တော့ကို ဖြေရှင်းချက်တခုခု
ပေးကိုပေးသင့်တယ် မဟုတ်ဘူးလား။

"ကိုကို ကျွန်တော့ကိုဘာမှပြောစရာမရှိဘူးလား"

ကိုကိုက ဆိုဖာရှေ့က ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ ဆိုဖာပေါ်က ဂစ်တာကို လှမ်းယူကာ ကြိုးငြိရင်းဂျောင်ကုအမေးကို ပြန်ဖြေသည်။

"ကိုကိုက ဘာပြောရမှာလဲ အချစ် "

ကိုကို့အသံက ခပ်အေးအေးသာ။ဂျောင်ကု အရာရာကို သိထားရင်တောင် ကိုကိုက ဂရုမစိုက်ဘူးဆိုတဲ့ သဘောလား။ ဒါမှမဟုတ် ကိုကို တမင်အရွဲ့တိုက်နေတာများလား။

"ကျွန်တော် ရှိနေပါလျက်နဲ့ တခြားမိန်းကလေး
တစ်ယောက်နဲ့ သာမာန်ထက်ပိုရင်နှီးနေတဲ့
ဆက်ဆံရေး အကြောင်းလေ၊ ကိုကို နည်းနည်းလောက်ဖြစ်ဖြစ် ကျွန်တော့ကိ​ု မရှင်းပြချင်ဘူးလား ကိုကို "

Scud.....☁Where stories live. Discover now