EPISODE 15

6K 526 17
                                    

Unicode

ကြင်ယာတော်တစ်ယောက် ထိုနေ့က ဆုတောင်းပေါင်းများစွာပြုလုပ်ခဲ့ရပြီး ထိုဆုတောင်းများအပေါ်၌ ထိုနတ်ဘုရားသည် ကျေနပ်ပုံမပေါ်လှ။ နောက်ဆုံး ဗိမ္မာန်တော်အုပ်ချုပ်သူ ဘိုးဘိုးကယ်တင်မှသာ ထိုနေရာမှာ ပြန်ထွက်လာခဲ့ရတော့သည်။

အပြန်လမ်းခရီးသည် အသွားတုန်းကကဲ့သို့အလျင်စလို ဒေါင်ချာစိုင်းနေတာမျိုးမရှိဘဲ ဖြည်းဖြည်းနဲ့ ငြိမ့်ငြိမ့်သာ။ လမင်းရဲ့ငွေရည်ရောင် ‌အအေးဓာတ်က ပတ်၀န်းကျင်တစ်ခွင်ကိုရစ်သိုင်းနေပြီး ကောင်းကင်ဘုံ၏ လမ်းကြောင်းပေါ်၀ယ် နေနတ်ဘုရားအမှတ်တံဆိပ် နတ်ရထားပျံတစ်စင်းက ရွေ့လျားနေသည်။ ထိုအထဲတွင်လိုက်ပါလာသူများသည်လည်း တိတ်ဆိတ်ငြိမ်သက်နေပြီး အထူးသဖြင့် ဘေးဘက်ရှိ သေးသွယ်ကာ နူးညံ့သည့် တစ်ယောက်ကပို၍ပင်ပန်းနေပုံပေါ်ကာ ရထားထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ် လှဲလျက်လိုက်ပါလာသည်။ အကြင် အရ်ှိန်အဝါပြည့်လှသည့်နတ်ဘုရားကမူမည်သည့်စကားကိုမျှမဆိုဘဲ အလိုမကျဟန်ဖြင့် မျက်မှောင်ကြီးကြုပ်လျက်။

"မင်း..."

သူပြောမယ်လုပ်ပြီးကာမှ ဆက်မပြောနိုင်တော့တာမို့ပြူးတိပြူးကြောင်လုပ်နေတဲ့ ကြင်ယာတော်ကို မျက်နှာလွှဲပစ်ကာ

" မင်းကို ရှေ့လျှောက်ဆင်ဆင်ခြင်ခြင်နေဖို့သတိပေးလိုက်မယ်၊ ပြီးမှ ငါ့ကို အဆိုး မဆိုနဲ့..."

သူမပြောဖို့ လုပ်ကာကျမှပဲထွက်သွားတဲ့စကားများကရန်စကားဖြစ်နေသည်။မတတ်နိုင်။ဒီ တန်ခိုးကြီးတဲ့ ပါးစပ်က ဒီလိုစကားပဲထွက်နိုင်တာမို့။

"ကြားလား ငါပြောတာကို၊ မင်းကိုယ်မင်းကြင်ယာတော်တစ်ပါးဖြစ်နေပြီဆိုတာကိုသဘောပေါက်ပါ၊ နောက်ပြီး တစ်ခုခုဆိုရင် ငါ့ကိုအရင်ဆုံးအသိပေး ရမယ်၊နားလည်လား...! "

"ကောင်းပါပြီ သခင်ကြီး"

"အဟမ်း...ဒါဆိုလည်းပြီးတာပဲ"

ခေါင်းညိတ်ရင်း ဘာအငြင်းစကားမှ မဆိုတဲ့ တစ်ယောက်ကို ကြည့်ရင်း ထပ်ပြီး မကျေမနပ်ဖြစ်လာတာက နေနတ်ဘုရားသာဖြစ်သည်။ဘယ့်နှယ်ကြောင့် ဒီလိုသူ့ကို ကြောက်ရွံ့ရတဲ့ပုံစံမျိုးလုပ်နေပါသနည်း။သူလုံး၀နားမလည်။ နာခံတာကကောင်းပေမယ့် အချိန်တိုင်းနာခံပြနေရင်တော့ အဆင်မပြေတာကိုဒီကြင်ယာတော်သိသင့်သည်။

ထိပ်သီးနတ်ဘုရား၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း Where stories live. Discover now