Part 2

337 44 1
                                    


"ဟောင့်ဟောင့် အဲမှာဘာထိုင်လုပ်နေတာလဲ ဒီမှာလှီးပြီးသားအသီးတွေလာယူ"

"ဟုတ် လာပြီ မေမေ"

ကျန်းဟောက်နဲ့ဆောင်းဟန်ဘင်းကအဆင်မပြေသလောက် မိဘတွေကတော့အဆင်ပြေလှသည်။ အခုလည်းဆောင်းမိသားစုကိုထမင်းစားဖိတ်ထားတာကို တစ်ခါမှမလိုက်ဖူးတဲ့ဆောင်းဟန်ဘင်းကပါ ပါလာတော့ကျန်းဟောက်တို့အံသြရပြန်ပြီလေ။

ဆောင်းဟန်ဘင်းညီမလေးကအဆောင်နေလို့ ဒီနေ့မပါလာပေမဲ့ ထိုကလေးမကဆောင်းဟန်ဘင်းထပ်တော့သဘောကောင်းသည်မလို့ ကျန်းဟောက်နဲ့လည်းရင်းနှီးသည်။ တကယ်တော့ဆောင်းဟန်ဘင်းနဲ့ကလွဲရင် ကျန်းဟောက်ကဆောင်းတစ်အိမ်လုံးနဲ့ရင်းနှီးတာပါ။

ပထမဆုံးဆောင်းဟန်ဘင်းနဲ့မျက်နှာချင်းဆိုင်တွေ့ဖူးတာမလို့ကျန်းဟောက်မှာမသိမသာရော သိသိသာသာရော ဆောင်းဟန်ဘင်းကိုအကဲခတ်နေမိသည်။ အစားကိုသပ်သပ်ရပ်ရပ်စားနေတာကိုကကြည့်ကောင်းနေတဲ့ဆောင်းဟန်ဘင်းကြောင့် ကျန်းဟောက်လည်းမနာလိုစိတ်လေးပါဝင်လာရသည်။

ထမင်းစားတာလေးကိုတောင်အဲလောက်ကြည့်ကောင်းနေရလား ဟွန်း..။

သူ့ဆီကအသံကြားလို့ထင်တယ်။ မော့ကြည့်လာတဲ့ဆောင်းဟန်ဘင်းကြောင့်ကျန်းဟောက်ရုတ်တရပ်စိတ်လှုပ်ရှားသွားရသည်။

"ဟန်ဘင်းနီးက မိဘအလုပ်တွေကိုတောင်ဝင်ကူနေပြီလား လိမ္မာလိုက်တာ အိမ်ကငပျင်းလေးနဲ့များကွာပါ့"

လူစုံပြီဆိုမေမေတို့များ ကျန်းဟောက်မကောင်းကြောင်းတွေပြောပါပြီ။

"ဝင်ကူနေတာတော့မဟုတ်ပါဘူးအန်တီ ကျောင်းပြီးရင်ချက်ချင်းအလုပ်ဝင်နိုင်အောင်လို့ ကြိုလေ့လာနေတဲ့သဘောပါဗျ"

သူ့အမေနဲ့စကားပြောနေတဲ့ဆောင်းဟန်ဘင်းရဲ့အသံကတကယ်ကိုနားထောင်လို့ကောင်းတာပင်။ နှစ်လိုဖွယ်ကောင်းပြီး နားထောင်ရအဆင်ပြေကာ တစ်ဖက်လူနားဝင်အောင်သိမ်သွင်းနိုင်တဲ့အသံမျိုး။

"ဟောင့်ဟောင့် တူကိုကိုက်ပြီးဘာတွေတွေးနေတာလဲ ဒီကလေး ထမင်းစားတာတောင်လိုက်ပြောနေရတယ်"

I adore youWhere stories live. Discover now