💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮{Unicode}
{အခန်း၄}
"သူ့အခြေနေဘယ်လိုရှိလဲ!!..."
"သွေးထွက်လွန်တာလဲထိန်းပြီးပါပြီ ကျည်ဆံလဲထုတ်ပြီးပါပြီ သတိရလာဖို့တော့အချိန်တစ်ခုထိကြာလိမ့်မယ်"
"အန္တရာယ်တော့မရှိတော့ဘူးမဟုတ်လား"
"လောလောဆယ်မစိုးရိမ်ရတော့ပေမယ့် စောင့်တော့ကြည့်ရပါဦးမယ်"
"သတိရလာရင်တော့ လုံးဝအန္တရာယ်ကင်းပြီမဟုတ်လား"
"ဟုတ်ကဲ့ သတိရလာရင်တော့စိတ်ချရပါပြီ"
"ဒါဆိုလဲ သတိရလာအောင်သေချာလေးဂရုစိုက်ကုသပေးပါ"
"ဟုတ်ကဲ့..."
ယူရီသေချာမှာကြားပြီးသည်နှင့်ဆေးရုံရဲ့VIPအခန်းမှထွက်လာခဲ့လိုက်သည်။ဆေးရုံအပြင်ဘက်မှ အသင့်ရပ်ထားသည့်အနက်ရောင်ကားလေးပေါ်သို့ယူရီတတ်လိုက်ပြီး ကားလေးကိုကုမ္ပဏီဘက်သို့မောင်းနှင်လိုက်သည်။
"ယူရီ..."
ကုမ္ပဏီသို့ရောက်သည့်အခါ တေဇကယူရီ့အနားသို့ခပ်သွက်သွက်လျှောက်လာရင်း ယူရီ့နာမည်ကိုခေါ်လိုက်သည်။
"ပြော တေဇ..."
"အကိုလေးကအဲ့မိန်းကလေးကိုယူမှာတဲ့"
"ဘာ!!...."
တေဇရဲ့စကားကြောင့် ယူရီ့ရဲ့မျက်နှာလှလှလေးဟာ ချက်ချင်းပင်ခက်ထန်၍နီရဲသွားရသည်။
"အကိုလေးကအဲ့မိန်းကလေးကိုအတော်လေးသဘောကျနေတယ် ဟိုဘက်ကိုလဲမပြန်ဖြစ်တော့ဘူးထင်တယ်"
"တစ်ကယ်ပဲအဲ့မိန်းမကဘာမို့လို့အဲ့လောက်ထိသဘောကျနေရတာလဲ"
ယူရီ့အသံကဒေါသသံပါနေသဖြင့် တုန်ယင်နေသည်။
"တေဇ အဲ့မိန်းမကိုသတ်ပေး"
"ဟမ်!!..."
တေဇက ယူရီ့စကားကြောင့်အလန့်တကြားဖြင့်ကြည့်လာသည်။
"ငါအခုသူ့အိမ်ကိုလာခွင့်မရှိဘူး နင်လဲသိတာပဲ ငါကမ်းနားကိုဘယ်လောက်ထိသဘောကျလဲဆိုတာ...ဒါကြောင့်ငါ့အစားသတ်ပေး"
![](https://img.wattpad.com/cover/322007106-288-k563401.jpg)
VOCÊ ESTÁ LENDO
မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}စဆုံး
Romance"ဖွဲ့နွှဲ့မမှီဆိုတဲ့မင်းကို ငါပဲထိမယ် ငါပဲကိုင်မယ် ငါပဲရိုက်မယ် ငါပဲနှိပ်စက်မယ် ငါပဲချစ်မယ်" "အောက်တန်းစားလူယုတ်မာ" "အဲ့အောက်တန်းစားက မင်းလင်လေ"