စာအုပ်ဆိုင်ထဲမှာ ထိုင်လျက်နှင့် တစ်ယောက်မျက်နှာ တစ်ယောက်တိတ်ဆိတ်စွာ ကြည့်နေမိသည်
ထိုအချိန်မှာ စာအုပ်ရှာနေသူ တစ်ယောက်ယောက်လာမှပင် သူတို့နှစ်ယောက် ကြားက အကြည့်လိုင်းလေးကို ဖျက်တောက်လိုက်ကြတယ် နမ်ဂျွန်း ဆော့ဂျင်ရဲ့ စာအုပ်လေးတွေ ကူကောက်ပေးပြီး" Hyung ကော်ဖီသွားသောက်ကြမလား "
" အာ....ကိုယ်အလုပ်တွေရှိလို့ နောက်တစ်ခေါက်မှပေါ့ "
" အော်ဟုတ်ဟုတ် hyung "
" အာ့ဆို hyung သွားတော့မယ်နော် "
ဆော့ဂျင် စကားကို အမြန်ဖြတ်ကာထွက်လာလိုက်သည်။ အမှန်က သူအလုပ်မရှိပါ နမ်ဂျွန်းကိုမြင်ရင် တစ်ချိန်တုန်းက ခံစားချက်တွေပေါ်လာမှာ ကြောက်သည်။ ကိုယ့်သူငယ်ချင်းရဲ့ ညီလဲဖြစ်တာကြောင့် ဆော့ဂျင်မလုပ်သင့်တာမလုပ်မိအောင် အမြန်သာ ရှောင်ထွက်လာခဲ့သည်။ သူလှည့်သွားတဲ့အချိန် နမ်ဂျွန်းလှမ်းခေါ်တာကိုလဲ ကြားပါသည်။ သို့သော် မကြားချင်ယောင်သာဆောင်ပြီး ထိုနေရာမှအမြန်ဆုံးထွက်လာခဲ့သည်
ဆော့ဂျင် ကျောင်းပြီးတည်းက ယွန်းဂီတို့နဲ့ အဆက်အသွယ်မလုပ်ပါ အဆက်အသွယ်လုပ်မိရင် ထိုခံစားချက်ကိုကြောက်ရသောကြောင့်ပင်။ ထို့ကြောင့် uni ပြီးရင် နိုင်ငံခြားသွားမည်ဟုသာ ယွန်းဂီတို့အား ပြောထားခဲ့သည်။နမ်ဂျွန်းမှာလဲ သူ 3နှစ်တိတိ ချစ်ပြီးစောင့်နေခဲ့ရသောသူလေးကို ပြန်မြင်ရတာကြောင့် အရမ်း၀မ်းသာပြီး ထိုသူလေးကို ဆွဲထားချင်ပေမဲ့ တစ်ဖက်ကမအားတာကြောင့် လက်လျှော့လိုက်ရသည် ဆက်သွယ်ဖို့ ဖုန်းနံပါတ်လေး တောင်းရန်လှမ်းခေါ်သော်လဲ နောက်ကျသွားခဲ့ချေပြီ
...............................................................
နမ်ဂျွန်းထိုနေ့ပြီးတည်းက နောက်နေ့တွေလဲ ထိုစာအုပ်လေးကို နေ့တိုင်းလာပြီး ထိုကောင်လေးကို တွေ့ရမည်ဟူသော မျှော်လင့်ချက်လေးဖြင့် စောင့်နေမိသည်
ဒီနေ့နဲ့ဆို 3 လတောင်ရှိသွားခဲ့ပြီလေ ဆိုင်က ၀န်ထမ်းကောင်မလေးတွေတောင် သူလာရင် နာမည်ခေါ်ပြီး ကြိုနေကြပါပြီ
ထုံးစံအတိုင်း ထိုင်နေကျ ထောင့်စွန်းက ခုံလေး၌ ထိုင်ကာ စာအုပ်လေးတစ်အုပ်အားဖတ်နေမိသည် သို့သော် စိတ်ထဲတွင် မေးခွန်းပေါင်းများစွားဖြင့်