"Helloမေမေလားမေမေ နေကောင်းရဲ့လား?"
တစ်ဖက်မှ ......မေမေ့အသံက...သားဖြစ်သူအတွက်
လွမ်းဆွတ်မှုတွေဆွတ်ထားသည်။' မေမေ နေကောင်းပါတယ် သား..
သားရော အဆင်ပြေရဲ့လား''သား အဆင်ပြေပါတယ်....မေမေ
အကုန်လုံးကလည်းသဘောကောင်းကြပါတယ်'မေမေသည် ခဏတာမျှ စကားပြောဖို့ အချိန်ယူနေသည်။ မေမေနဲ့က ဒီတစ်ခါပဲ ခွဲဖူးတာမဟုတ်ပေမယ့်...မြို့ကို လာတဲ့နေ့တုန်းက မေမေနဲ့မတွေ့ဖြစ်ခဲ့
'သား ကို အားနာမိတယ်...
မေမေ ဘာမှမထောက်ပံ့နိုင်လို့..
သားအကြောင်းကိုမေမေ ညတ်ိုင်းစဉ်းစားမိတယ်..
သားအတွက် ဘာမှလုပ်ပေးနိုင်တာမရှိခဲ့ဘူး..
မေမေတကယ်အားနာပါတယ်မေ့မေ့၏ ဖုန်းထဲမှ စကားသံများက အားနာမှုနှင့် အရင်စတင်သည်။သူ့အတွက် မေမေ၀မ်းမနည်းစေချင်ပါ။
'အဲ့လိုတွေမပြောပါနဲ့ မေမေ
ကျနော်လဲ ဒီဘ၀ ကိုကျေနပ်ပါတယ်...မေမေရဲ့..'ဒါနဲ့ ဟိုလူရော .
မေမေ့ဆီ လာနှောင့်ယှက် သေးလား?' သူ မလာတာ ကြာပါပြီ သား..
သူ့လက်ထဲ ပိုက်ဆံရှိသေးလို့ နေမှာပေါ့..'ကျနော် မေ့မေ့က်ိုစိတ်ပူတယ်
'မပူပါနဲ့...Gem
မေမေက ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ပါတယ်နော်...ဟုတ်ပြီလား'ကျနော်အလုပ်အတည်တကျ ဖြစ်တဲ့အချိန်ကျရင် သေချာပေါက်..မေ့မေ့ကို မြို့ကိုခေါ်မယ်နော်.
'အင်း.............
မေမေ့၏ အပြစ်ကင်းစင်သောမျက်နှာသည် တစ်ဖက်ဖုန်းအပြင်မှ ပြုံးနေမည်ထင်သည်။
'သား အလုပ်ကြိုးစားသလ်ို...
ကျန်းမာရေးလဲ ဂရုစိုက်ဦးနော်..'ဟုတ်မေမေ...
'ဒါဆို မေမေ ဖုန်းချလ်ိုက်တော့မယ်..
'ဟုတ်
အမေ့ဆီက ဖုန်းချသံပြီးတော့ ရင်ထဲက ပြည့်လာတဲ့ လေပူတစ်ချက်သာGeminiမှုတ်ထုတ်လ်ိုက်တော့သည်..
မြို့ကို လာခဲ့ပေမယ့် သူမေမေ့ကို စိတ်မချပါ။
မေမေသည် ဖေဖေ ကွယ်လွန်ပီးနောက်..အားကိုးရာအဖြစ်.နောက်အိမ်ထောင်အသစ်တစ်ခု တည်ဆောက်ခဲ့သည်..
သို့ပေမယ့် ...သူမရဲ့ အိမ်ထောင်ရေးဟာ ဘယ်တော့မှကံမကောင်းခဲ့။
နောက်အိမ်ထောင်အသစ်က....မေမေရှိနေရက်နှင့် မိန်းမကိစ္စရှုသည်..
ပိုက်ဆံရှိလျင် အပြင်မှာသုံးဖြုန်းတတ်ပြီး ကုန်တဲ့အခါမှ မေမေ့ဆီပြန်လာတတ်သည် .
မေမေ့ရဲ့ စီးပွားရေးသည် ထိုသူ့ကြောင့် သိပ်နလန်မထူနိုင်...
Gemini ...Uni တတ်ဖို့အတွက် ..အချိန်ပိုင်းအလုပ်တွေနှင့်ကျောင်းတတ်ခဲ့ရသည်...သူသည် ဘယ်တော့အခါမှ မေမေ့ဆီက လက်ဖြန့်တောင်းတတ်သူမဟုတ်ခဲ့။
YOU ARE READING
ကျွန်တော့်ရဲ့ ချစ်လှစွာသော
Non-Fiction[Gemini] ငါမင်းကို လမ်းလွဲအောင်များသင်ပေးခဲ့မိသလား Fourth [Fourth] ချစ်မိတာက နှလုံးသားထဲက လာတာပါ ကိုကို