" ကိုကို "" ........ "
Tabletပေါ်လှုပ်ရှားနေတဲ့ လက်တွေခဏာတာရပ်တန့်သွားပေမဲ့ ဘာမှမဖြစ်တဲ့အတိုင်းပဲနေလိုက်၏။
သူပြန်မဖြေလို့ထင်ပါသည် အိပ်ယာလက်နှစ်ဖက်ထောက်ပြီး ရှည်လျားတဲ့ခြေတံတွေကို တစ်ချောင်းပေါ်တစ်ချောင်းထပ်ထားရာကနေ သူ့ထိုင်နေတဲဲ့ ဆိုဖာနားရောက်လာတာချက်ချင်း ။" မင်း ဘာလုပ်တာလဲ "
လက်ထဲကိုင်ထားပါတဲ့ tabletလေးက ကောင်ဆိုးလေးရဲ့လက်ထဲရောက်သွားလေတော့ နွေမိုးဆောင်းအော်လိုက်သည်။ ကောင်လေးက ခုနရေချိုးပြီးကတည်းက သူ့ကို 'ကိုကို'ဆိုပြီး လေသံပျော့ပျော့နဲ့ခေါ်နေတာ ။ ပထမတစ်ကြိမ် ခေါ်လာတော့ အခန်းကျယ်ကြီးထဲလည်း သူတို့နှစ်ယောက်သာရှိတာကြောင့် သူ့ခေါ်မှန်းသိတာကြောင့် လှည့်ကြည့်ကာ ထူးလိုက်သည်။ အဲ့ချိန်ကောင်ဆိုးလေးမျက်နှာအမူအယာက ဘာကိုပြောနေမှန်းမသိရအောင် ပေါင်းနေတာ လပေါင်းမနည်းတော့ဘူးလေ ။
" မောင်ခေါ်နေတာ မကြားသလိုလုပ်နေတာ ဘယ်သူလဲ ပြောလေ"
" မင်း "
" ဟုတ်တယ် မင်းဆိုတဲ့မောင် "
နွေမိုးဆောင်းဘာပြန်ဖြေလို့ဖြေရမှန်းမသိတော့။
ကောင်လေးရဲ့မျက်နှာအတော်ထူတာတော့ဝန်ခံရမည်။ ကိုကိုနဲ့မောင်ကို ပါးစပ်ကမချတော့။" ငါ ငါ "
ပြွတ်စ်
" ငါလို့မသုံးနဲ့ သူစိမ်းဆန်တယ် ၊ မောင်လို့ပြောင်းသုံးပေးကိုကို ၊ မောင်တို့က သူစိမ်းတွေမှ မဟုတ်တာလေနော့် မောင်လို့ခေါ်ပေးပါလား မောင်လေ
မောင်လို့ "ခုနှစ်သက္ကရာဇ်စကားတွေက မှားနေတာမျိုးမဟုတ်။သူတို့က အိမ်ထောင်ဖက်တွေလေ နာမ်စားတစ်ခုအတွက်နဲ့သူလည်း နေရခက်နေစရာမလိုဘူးဟုတွေးကာ
" မောင် "
" ဟမ် "
လက်မောင်းကိုကိုင်ထားတဲ့ ခုနှစ်ရဲ့လက်တွေကပြေလျော့သွားသည်။ နေရမခက်ဘူးလို့ တွေးထားတယ်ဆိုပေမဲ့ နွေမိုးဆောင်းရှက်စိတ်ကြောင့်မျက်နှာတွေပူတက်လာတယ် ။ မိနစ်ဝက်လောက်ထိ ဘေးကကောင်လေးရဲ့လှုပ်ရှားမှုတစ်စုံတစ်ရာကို မတွေ့ရတော့ မျက်နှာပူပူနဲ့ဘေးဘက်လှည့်ကြည့်လိုက်မိတယ်။

YOU ARE READING
သက္ကရာဇ်မိုး (TakkaYitMooe)
Romanceဥတုသုံးခုလုံး စိုးမိုးနိုင်လွန်းတဲ့ ခင်ဗျား (TakkaYitMooe) Nway ဥတုသုံးခုလုံး စိုးမိုးနိုင္လြန္းတဲ့ ခင္ဗ်ား (TakkaYitMooe) Nway