Christmas Gift

1.3K 112 54
                                    

တအိအိကျ​နေတဲ့နှင်း​တွေက ကားလမ်း​ပေါ်မှာ​ဖွေး​နေသည်။​နှင်းကျလွန်း၍ အ​ရှေ့ကကားကို​တောင်မမြင်ရတာမို့ ကား​ရှေ့မီးထွန်းပြီး​ဖြေး​ဖြေးချင်း​မောင်းရသည်။​ထိုနှင်း​တွေကိုမြင်​နေရတာနဲ့တင် ​ကားထဲကheater​ကြောင့်​နွေး​နေတဲ့ခန္ဓါကိုယ်ကပါ အေးခဲသွားမလိုခံစားရသည်။New Yorkရဲ့​ဆောင်းရာသီက​​တော့ ကိုရီးယားက​တောင်အဘိုးပြန်​ခေါ်ရတဲ့အထိပဲ။

ကျွန်​တော့်နာမည်က​​ဂျွန်​ဂျောင်ကု။အင်္ဂလိပ်နာမည်က​တော့ Justin Jeon​။Justin Bieberကိုအရမ်းကြိုက်တာမို့ ကိုယ့်ဘာသာ​ပေးထားတဲ့နာမည်ပဲ။ကိုယ့်ဘာသာ​ပေး ကိုယ့်ဘာသာကြိုက်​ပေါ့။​ဇာတိကကိုရီးယားဆို​သော်ငြား ယခု​​နေထိုင်နေတာက​တော့ New Yorkမြို့မှာဖြစ်သည်။ငယ်ငယ်တည်းက နိုင်ငံခြားမှာပဲ တက္ကသိုလ်တက်ချင်တယ်ဆိုတဲ့ဖင်​ခေါင်းကျယ်တဲ့အိပ်မက်​ကြောင့် ယခုလို​အိမ်နဲ့ခွဲပြီး​ရောက်လာခြင်းပင်။အိမ်ကအရမ်းချမ်းသာ​နေလို့ ​လွှတ်လိုက်တာ​တော့မဟုတ်ဘူး။ကိုယ်တိုင်ကအရမ်းတက်ကြွ​နေ​တော့ အထက်တန်းတည်းက အချိန်ပိုင်း​တွေခါးကျိုး​အောင်လုပ်ပြီး ဒီမှာ​ကျောင်းလာတက်ဖို့ကိုပိုက်ဆံစုခဲ့တာ။ဒီလိုနဲ့ပဲရှိစုမယ့်စုပိုက်ဆံ​လေးကျစ်ပြီး တက္ကသိုလ်ဒုတိယနှစ်မှာပဲစ​ကော်လာ​လျှောက်ပြီး ဒီကို​ရောက်လာခဲ့သည်။မျိုးချစ်စိတ်ဓါတ်ပြင်းထန်စွာ ကိုရီးယားမှာမ​နေရရင်ပြီး​ရော ဖြစ်ချင်ရာဖြစ်ဆိုပြီး ရှိသမျှအမျိုး​တွေကို​တောင် ဒီ​ကောင်ကနိုင်ငံခြားရေပဲ​သောက်တော့မှာဆိုပြီး ကပ်ကြွားခဲ့​သေးတာ။အထုပ်တစ်ထုပ်ဆွဲပြီး​ရောက်လာ​တော့လည်း အိပ်မက်ထဲကအတိုင်း​ပျော်စရာကြီးပါပဲ။လက်ထဲပိုက်ဆံမကုန်ခင်အထိ​ပေါ့။

​ကျောင်းတက်ရင်းအချိန်ပိုင်း​တွေ ဇယ်ဆက်လုပ်ရတာကို​နေသားကျခဲ့​​ပေမယ့် ဒီမှာနဲ့မတူဘူး။တစ်လတစ်လ အ​ဆောင်ကို​ရောက်လာတဲ့ဘေလ်စာရွက်​တွေနဲ့တင် လူကအသက်ထွက်ချင်​နေပြီ။​​ကျောင်းစာလည်းလုပ်ရ၊အချိန်ပိုင်းလည်းလုပ်ရနဲ့။နယူး​ယော့ခ်မြို့သူ​လေး​တွေနဲ့ ပတ်ဒိတ်မယ်ဆိုတဲ့အစီအစဥ်ကလည်း ခု​တော့ကြက်​ပျောက်ငှက်​ပျောက်။
ခု​တောင် ​ကျောင်းပိတ်ရာသီခရစ်စမတ်မှာ ​မွေးရပ်​မြေမပြန်နိုင်ဘူး။ပြန်လည်းမပြန်ချင်ဘူး။​လေယာဥ်လက်မှတ်က ခရစ်စမတ်ဆို​တော့ပို​စျေးကြီးတယ်လေ။

Christmas Gift (taekook one shot)Where stories live. Discover now