တအိအိကျနေတဲ့နှင်းတွေက ကားလမ်းပေါ်မှာဖွေးနေသည်။နှင်းကျလွန်း၍ အရှေ့ကကားကိုတောင်မမြင်ရတာမို့ ကားရှေ့မီးထွန်းပြီးဖြေးဖြေးချင်းမောင်းရသည်။ထိုနှင်းတွေကိုမြင်နေရတာနဲ့တင် ကားထဲကheaterကြောင့်နွေးနေတဲ့ခန္ဓါကိုယ်ကပါ အေးခဲသွားမလိုခံစားရသည်။New Yorkရဲ့ဆောင်းရာသီကတော့ ကိုရီးယားကတောင်အဘိုးပြန်ခေါ်ရတဲ့အထိပဲ။
ကျွန်တော့်နာမည်ကဂျွန်ဂျောင်ကု။အင်္ဂလိပ်နာမည်ကတော့ Justin Jeon။Justin Bieberကိုအရမ်းကြိုက်တာမို့ ကိုယ့်ဘာသာပေးထားတဲ့နာမည်ပဲ။ကိုယ့်ဘာသာပေး ကိုယ့်ဘာသာကြိုက်ပေါ့။ဇာတိကကိုရီးယားဆိုသော်ငြား ယခုနေထိုင်နေတာကတော့ New Yorkမြို့မှာဖြစ်သည်။ငယ်ငယ်တည်းက နိုင်ငံခြားမှာပဲ တက္ကသိုလ်တက်ချင်တယ်ဆိုတဲ့ဖင်ခေါင်းကျယ်တဲ့အိပ်မက်ကြောင့် ယခုလိုအိမ်နဲ့ခွဲပြီးရောက်လာခြင်းပင်။အိမ်ကအရမ်းချမ်းသာနေလို့ လွှတ်လိုက်တာတော့မဟုတ်ဘူး။ကိုယ်တိုင်ကအရမ်းတက်ကြွနေတော့ အထက်တန်းတည်းက အချိန်ပိုင်းတွေခါးကျိုးအောင်လုပ်ပြီး ဒီမှာကျောင်းလာတက်ဖို့ကိုပိုက်ဆံစုခဲ့တာ။ဒီလိုနဲ့ပဲရှိစုမယ့်စုပိုက်ဆံလေးကျစ်ပြီး တက္ကသိုလ်ဒုတိယနှစ်မှာပဲစကော်လာလျှောက်ပြီး ဒီကိုရောက်လာခဲ့သည်။မျိုးချစ်စိတ်ဓါတ်ပြင်းထန်စွာ ကိုရီးယားမှာမနေရရင်ပြီးရော ဖြစ်ချင်ရာဖြစ်ဆိုပြီး ရှိသမျှအမျိုးတွေကိုတောင် ဒီကောင်ကနိုင်ငံခြားရေပဲသောက်တော့မှာဆိုပြီး ကပ်ကြွားခဲ့သေးတာ။အထုပ်တစ်ထုပ်ဆွဲပြီးရောက်လာတော့လည်း အိပ်မက်ထဲကအတိုင်းပျော်စရာကြီးပါပဲ။လက်ထဲပိုက်ဆံမကုန်ခင်အထိပေါ့။
ကျောင်းတက်ရင်းအချိန်ပိုင်းတွေ ဇယ်ဆက်လုပ်ရတာကိုနေသားကျခဲ့ပေမယ့် ဒီမှာနဲ့မတူဘူး။တစ်လတစ်လ အဆောင်ကိုရောက်လာတဲ့ဘေလ်စာရွက်တွေနဲ့တင် လူကအသက်ထွက်ချင်နေပြီ။ကျောင်းစာလည်းလုပ်ရ၊အချိန်ပိုင်းလည်းလုပ်ရနဲ့။နယူးယော့ခ်မြို့သူလေးတွေနဲ့ ပတ်ဒိတ်မယ်ဆိုတဲ့အစီအစဥ်ကလည်း ခုတော့ကြက်ပျောက်ငှက်ပျောက်။
ခုတောင် ကျောင်းပိတ်ရာသီခရစ်စမတ်မှာ မွေးရပ်မြေမပြန်နိုင်ဘူး။ပြန်လည်းမပြန်ချင်ဘူး။လေယာဥ်လက်မှတ်က ခရစ်စမတ်ဆိုတော့ပိုစျေးကြီးတယ်လေ။