အပိုင်း ၁(Unicode)

141 2 0
                                    

လှပသော ညနေခင်းတစ်ခု၏ နေဝင်ချိန်.....

ဧည့်ပရိသတ်တွေ စုဝေးနေတဲ့ ပွဲအခမ်းအနားတစ်ခု...

တီးတိုးပြောဆိုနေကြသော အထက်တန်းလွှာမှ အန်တီကြီးများ....

ကင်မရာမီးရောင်တစ်ဖြတ်ဖြတ်နဲ့ မီဒီယာများ...

ချိုမြသော နှစ်ဖက်မိဘရဲ့ အပြုံးများ...

ခန်းမတစ်ခုလုံး ပျံ့လွှင့်နေသော သာယာငြိမ့်ညောင်းသော စန္ဒရားသံ...

အခမ်းအနားမှူးရဲ့ စင့်မြင့်နောက်က ရှုမငြီးချင်စရာ မြင်ကွင်းများ...

ဒါတွေအားလုံးဟာ ပြီးပြည့်စုံစွာ ခမ်းနားနေတာ အမှန်ပေမယ့် မခမ်းနားနိုင်တာကတော့ စင်မြင့်ထက်က သတို့သားဝတ်စုံနဲ့ လူရဲ့ မှင်သေသေမျက်နှာ နဲ့ စင်မြင့်ဆီသို့ တရွေ့ရွေ့ လျှောက်လှမ်းလာသော သတို့သမီးဆီမှ အေးစက်စက် အပြုံးတို့ပါပဲ။

အဘယ်ကြောင့်များ ခမ်းနားလှတဲ့ မင်္ဂလာပွဲကြီးနဲ့ မလိုက်မဖက် မျက်နှာမျိုး ဖြစ်နေရသလဲဆိုရင်တော့ လွန်ခဲ့သော ၂လခန့်ကို ပြန်သွား အဖြေရှာရမည်မှာ မလွဲပါလေ။

လွန်ခဲ့သော ၂လခန့်က ကုမ္ပဏီတစ်ခု၏ ရုံးခန်းအတွင်းတွင် ဒေါသတကြီးဆူပူသံများထွက်ပေါ်နေသည်။

ဆူပူနေသူကိုရုတ်တရက်ကြည့်လိုက်လျှင် သူက သူဌေးဆိုတာ ဟုတ်ရဲ့လားလို့ ပြန်မေးယူကြမည့်သူကြီးသာဖြစ်မည်။

အကြောင်းမှာ သူဌေးဆိုသော သူမှာ အသက်အရွယ်အားဖြင့် ၂၃နှစ်သာ ရှိသေးယုံမက အရပ်အမောင်းနဲ့ ခန္ဓာကိုယ်အားဖြင့်လည်း သေးသွယ်လွန်းသေးသည်။ မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းဖူးဖူး‌လေးနှင့် အဖျားပိုင်း လှိုင်းအကြီးကောက်ထားသော နက်မှောင်သော ဆံသားများနှင့် ရုတ်တရက်ကြည့်လျှင် အထက်တန်းကျောင်းသူမျှသာ ရှိမည့်ပုံစံပါပင်။သို့သော် ချိုမြသော ‌အသံနဲ့ ဂုဏ်ရှိန်ကြီး အရည်အချင်းမှာတော့ ကြားရသူတိုင်း နာခံချင်စရာကောင်းလှအောင် သြဇာရှိပြီး ထက်မြတ်လှသည်။

ထိုသူကတော့ မြန်မာနိုင်ငံရဲ့ စားသောက်ကုန်လုပ်ငန်းစုနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများစွာ ပိုင်ဆိုင်ထားသော အခရာလုပ်ငန်းစု၏ တစ်ဦးတည်းသော မင်းသမီးလေးဖြစ်ယုံသာမက လက်ရှိ နာမည် ရနေသော Minimum Pastryရဲ့ ကိုယ်စားလှယ် ရွှေအခရာမိုးမြင့်ပင် ဖြစ်သည်။ ပုံမှန်အားဖြင့် အေးဆေးကာ တည်ငြိမ်ယုံမက သဘောကောင်းသူဟု လက်တွဲလုပ်ဖူးသူတိုင်းက ပြောစမှတ်ပြုကြသည်။

10/11 born in 97(Ongoing)Where stories live. Discover now