🌟

1.9K 164 18
                                    

အရပ်ခြောက်ပေနီးနီးရှည်တဲ့ မိန်းကလေး ရှိလို့လား?
ဦးနှောက်ကစဉ်းစားနေဆဲပေမယ့် လက်တွေကတော့မစဉ်စားချင်သလို ထူးဆန်းတဲ့မိန်းကလေးရဲ့ခါးကိုဖက်ထားမိလိုက်တယ်။
သေချာနီးကပ်သွားမှ မိန်းကလေးက သူ့ထက်တောင်အရပ်ရှည်နေသေးတယ်။

တရုတ်ရိုးရာဂါဝန်နဲ့ အရပ်ခြောက်ပေရှိတဲ့မိန်းကလေးမှာ ချစ်စရာကောင်းတဲ့ ခွေးပေါက်လေးလိုမျက်ဝန်းတွေရှိတယ်။ အနက်ရောင် stocking ဝတ်ထားလို့ မသိသာပေမယ့် လက်နဲ့ထိလိုက်တဲ့ခြေသလုံး‌နေရာမှာ ကျစ်လျစ်နေတဲ့ကြွက်သားတွေလည်းရှိသေးတယ်။ ဒီတိုင်း ရီဝေဝေ ‌ဖြစ်နေရုံလေးကို ဘာလို့ တရုတ်မိန်းကလေး က အရမ်းလှနေသလို main character လေးလိုခံစားနေရတာပါလိမ့်။

ခေါင်းတွေချာချာမလည်ခင် နောက်ဆုံးသိလိုက်ရတာကတော့ တရုတ်မိန်းကလေး ရဲ့နှုတ်ခမ်းတွေက ချိုအီအီအရသာလေးပါပဲ။

__________

" Fuck! "

" ဟိတ်ကောင်တွေ ညကြ အလှလေးဂယူဗင်း ကိုတွေ့ရမှာ ဆက်ဆက်လာခဲ့ကြနော် !! "

အသက်ထွက်တော့မလို့ရယ်မောထားတာမလို့ နီရဲနေတဲ့မျက်နှာနဲ့ မင်ဝူး က တခြားသူငယ်ချင်းတွေ (တဆိတ် အတန်းတစ်ခုလုံးပါ) ကိုရော အော်ဟစ်ပြီးဖိတ်နေတယ်။

" မင်းတို့ တမင်ညစ်တာမလား!! "

ဒေါသတွေအရမ်းထွက်နေတာမလို့ လက်သီးလက်မောင်းတန်းနဲ့ဂယူဗင်းက ‌စာသင်ခုံကိုပါ ထုချပစ်တယ်။ တကယ်ကို ညစ်ခံလိုက်ရတဲ့ခံစားချက်ပဲ။ ဒီကောင်တွေတမင်အကွက်ဆင်ထားတာ။

" ညစ်တယ်ပြောရအောင်လည်း ဂိမ်းလုပ်တာကမင်း!
ပြီးတော့ စည်းကမ်းလုပ်ပြီး ဘာလုပ်မယ်လောင်းတာကလည်း မင်းပဲ ဂယူဗင်းရ.. ငါတို့က‌ မင်းဆော့ချင်တယ်ဆိုလို့ပါရမီဖြည့်ပေးတာပါကွာ "

မင်ဝူးပြောတာလည်းဟုတ်သည်။ ဂယူဗင်းက ပျင်းနေလို့မနေတတ်တာတစ်ကြောင်းနဲ့ အားလုံးပျော်ရအောင်အစီစဉ်လေးဖန်တီးပေးကာမှ ရှုံးသည်။ ဂိမ်းကလည်းရိုးရှင်းသည်။ မေဂျာဆရာ့စီက မုန့်တောင်းစားရန် ! ‌ကပ်စီးကုပ်လွန်းတယ်လို့နာမည်ကြီးတဲ့ဆရာ့စီကမုန့်တောင်းစားနိုင်လျှင်အနိုင် မစားရလျှင်အရှုံး။

Sly Puppy, Stuwid Kitty [ 귭맄 ]Where stories live. Discover now