One Short ( Unicode )

658 57 10
                                    


"ယွန်းမီဆူရှီ အခုတလော SNSမှာသားဖြစ်သူကအရမ်းနာမည်ကြီးနေတယ်နော် အမေဖြစ်သူနဲ့တူလို့ထင်တယ် သားကအရမ်းချောတာဘဲ"

"မဟုတ်တာရှင် ဝန်းဘင်းလေးက သူ့အဖေနဲ့တူလို့ဉာဏ်လည်းကောင်းတယ်လေ"

ဝန်းဘင်း ပျင်းလာတာနဲ့ TVကြည့်မလို့ဖွင့်လိုက်တော့ အမေ့အင်တာဗျူးကိုတန်းတွေ့သည်မို့

*ငါတို့အမေကတော့ မင်းသမီးလို့မပြောရဘူး တကယ်သရုပ်ဆောင်ကောင်းတာဘဲ *

တစ်ယောက်ထဲတိုးတိုးလေးရေရွတ်လိုက်ပြီီး TVကိုပြန်ပိတ်ကာ အောက်ထပ်သို့ဆင်းလာတော့ ဧည့်ခန်းထဲမှာ ဝိုင် သောက်နေသည့်အမေ့ကိုတွေ့သည်နှင့် အမေ့နားသွားလိုက်ပြီး

"ပြန်ရောက်ပြီလား "

"ငါပြန်ရောက်တာ မရောက်တာ မင်းနဲ့ဘာဆိုင်လဲ.... ငါ့အနားမလာနဲ့ ငါနဲ့စကားလာမပြောနဲ့လို့ပြောထားတယ်မလား မင်းအမှတ်မရှိဘူးလား"

"မဟုတ်.....တောင်းပန်ပါတယ်"

ဝန်းဘင်း ခေါင်းကိုငုံ့ချလိုက်ပြီး တောင်းပန်စကားပြောကာ ထိုနေရာမှလှည့်ထွက်ခဲ့လိုက်သည် ဝန်းဘင်း လှေကားနားသို့အရောက်

ခွမ်း....

"အဲ့ကျက်သရေမရှိတဲ့ အသံ နင့်အဖေနဲ့အတူတူဘဲ အား!!!!မုန်းလိုက်တာ"

လက်ထဲမှာကိုင်ထားတဲ့ဝိုင်ခွက်နှင့်သူ့က်ိုလှမ်းပစ်ပြီးဒေါသတကြီးအော်ဟစ်နေတဲ့အမေ

အမေပစ်လိုက်သည့်ဝ်ိုင်ခွက်က သူ့ကိုတော့မထိသွားပေမဲ့ ရုတ်တရက်မို့လန့်သွားပြီး ရင်ဘတ်ထဲကတင်းကြပ်ကာမောဟိုက်လာရသည်

ဝန်းဘင်း အသက်ရှူမဝတော့၍ ထိုနေရာမှာတင်ထိုင်ချလိုက်ပြီး အသက်ကိုလုရှူနေတုန်း

"နင်နဲ့နင့်အဖေက ငါ့ဘဝကိုဖျက်စီးလိုက်တာ နင့်အဖေကြောင့်....နင့်အဖေကြောင့် ငါ့ချစ်သူသေသွားရတာသိလား....ထွက်သွား ငါ့မျက်စိရှေ့ကအခုထွက်သွား ငါ့ရှေ့ဘယ်တော့မှပေါ်မလာနဲ့"

ဝန်းဘင်း သူ့က်ိုလက်ညိုးငေါက်ငေါက်ထိုးရင်း နှင်ထုတ်နေတဲ့အမေကြောင့် အသက်ရှူရပိုကြပ်လာသည် ဒီစကားတွေအမြဲကြားနေကျပေမဲ့ အမေသူ့ကိုတွေ့တိုင်း ဒီလိုအမြဲလုပ်တတ်ပေမဲ့ခုထိအကျင့်သားမရသေးဘဲ ကြောက်နေတုန်းပင်

Autumn   ( One short )Where stories live. Discover now