" အဲ့လို မပြောထားဘူးလေ "
ရှေ့ခန်းခုံမှာထိုင်နေတဲ့ ဝန်ဘင်း အေးစက်စွာနဲ့ပြောလာတယ်..ဒါပေမယ့် အခြေအနေကို အခုထိနားမလည်သေးတဲ့ ဆောင်ချန်း ကတော့ ပြတင်းပေါက်အပြင်ဘက်ကိုလက်ညိုးထိုးပြပြီး
"ဒီနေ့ရာသီဥတု ကောင်းနေတယ်နော် "
ဝန်ဘင်းတစ်ယောက် သက်ပြင်းချလိုက်တယ်..အရင်အပတ်က သူတို့တိုင်ပင်ထားကြတာက ဒီနေ့မှာ သူတို့နှစ်ယောက် rooftop cafe တစ်ခုမှာ ဒိတ် ကြဖို့လေ..ဒါပေမဲ့ ဝန်ဘင်း ကားပေါ်ရောက်ရောက်ချင်း ဆောင်ချန်းပြောလိုက်တာက ကစားကွင်းသွားဖို့ လက်မှတ်ဝယ်ထားတယ်တဲ့...
"ဟျောင်း ကျွန်တော့်ကိုကြိုပြောသင့်တာပေါ့ "
Sungchan ကတော့ အေးအေးဆေးဆေးနဲ့ပဲ
" ဘယ်လိုပဲဖြစ်ဖြစ် လျှောက်လည်တာက လျှောက်လည်တာပဲလေ ""ဘယ်လိုပဲဖြစ်ဖြစ်ဟုတ်လား? " Wonbin ရဲ့ အေးစက်တဲ့မေးခွန်းကြောင့် Sungchan အနည်းငယ်ကြောင်သွားတယ် ...မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် "မဟုတ်ဘူးလေ ကိုယ်ပြောချင်တာက.."
ဝန်ဘင်း ဘာမှပြန်မပြောတော့ပဲ ထိုင်ခုံခါးပတ်ကို ဖြုတ်ရင်း ကားပေါ်ကဆင်းသွားလိုက်တယ်..ဘေးက ဆောင်ချန်းက ဒရိုင်ဗာခါးပတ်ကို မြန်မြန်ဖြုတ်ဖို့လုပ်ပေမယ့် တံခါးကပိတ်သွားပြီမို့ ပြတင်းပေါက်မှန်ဆွဲချကာ ခေါင်းကိုထွက်လိုက်ပြီး
" အဲ့တာဘယ်ကို သွားနေတာလဲ "" cafe ကိုလေ "
"ဟင် "
ဝန်ဘင်း သူ့ ဂျက်ကတ်အိတ်ကပ်ထဲက နားကြပ်ကိုယူပြီး နားထဲမှာတပ်လိုက်တယ်...အနောက်ကိုတောင်ပြန်မလှည့်ကြည့်ပဲ သွားနေတဲ့ ဝန်ဘင်းကြောင့် ဆောင်ချန်းကားပေါ်ကနေ မြန်မြန်ဆင်းပြီး လိုက်ရတော့တယ်...ဝန်ဘင်းလမ်းလျှောက်တာကလည်း အရမ်းမြန်နေတာမို့ သူ့ကိုမှီဖို့ ဆောင်ချန်းပြေးပြီးပါလိုက်ရတဲ့အထိ...
ဝန်ဘင်းရဲ့ လက်ကောက်ဝတ်ကိုဆွဲပြီး သူ့ဘက်ကို လှည့်လိုက်တဲ့အခါမှာ သူကဆောင်ချန်းကို အေးစက်စွာနဲ့ ကြည့်နေလေရဲ့
"ကိုယ်တောင်းပန်ပါတယ်နော် နောက်တစ်ခါ..."
"နောက်တစ်ခါ ထပ်မဖြစ်စေရပါဘူး လို့ပဲပြောဦးမှာမလား " ဝန်ဘင်း နားထဲကနားကြပ်ကိုထုတ်ပြီး ဂျက်ကတ်အိတ်ထဲ ပြန်ထည့်ထားလိုက်ရင်းနဲ့ ဆောင်ချန်းပြောမယ့်စကားကို ကြားဖြတ်ပြောလိုက်တယ်...