"ဂျယ်ယွန်းနီး"
နှင်းဖြူဖြူထက်ပေါ်ပေါက်လာတဲ့ ခြေလှမ်းသေးသေးလေးတို့နောက် လက်ပိစိတို့ဟာလဲ နှင်းတွေကိုဆုပ်ကိုင်လျက် နှုတ်ခမ်းသေးသေးလေးထံမှာတော့ အပြုံးလှလှလေးတစ်ခု။
"မေ့ဂျယ်ယွန်းနီးလေးက နှင်းလူသားရုပ်လုပ်မှာလား ဟုတ်လား"
ခေါင်းငြိမ့်ပြလိုက်တဲ့အခါမှာတော့ ကလေးပိစိလေးရဲ့ပါးပြင်ဖောင်းဖောင်းလေးထက် ကျရောက်လာတဲ့ အနမ်းနုနုတွေ။
"ဟုတ်ပြီ ဒါဆို မေမေတို့အတူလုပ်ကြမယ်နော်"
နောက်တော့ လက်ပိစိလေးနဲ့အတူ လက်ချောင်းလှလှလေးတို့ကလဲ နှင်းတွေကိုဆုပ်ကိုင်ပြီး အလှပဆုံးအမှတ်တရတွေကို ဖန်တီးနေလေပါသည်။
မြင်ကွင်းတစ်ဆုံး နှင်းဖြူဖြူတွေကကြီးစိုးနေပေမယ့် ကြည်ပြာရောင်ကောင်းကင်ယံဆီမှလဲ အဖြူရောင်နှင်းတို့က ကျဆင်းနေပေမယ့် ဤသည်ဟာ အလှပဆုံးအချိန်ဖြစ်ကြောင်းကို ပျော်ရွှင်နေကြတဲ့ ကလေး၊ လူကြီး၊ လူငယ်တွေက သက်သေပြနေသည်။ ချမ်းအေးသော်လည်း နှလုံးသားတွေ တစ်သိမ့်သိမ့်နွေးထွေးရတဲ့အခိုက်အတန့်ဟာ တစ်နှစ်ပတ်လုံးမှာမှ ဒီရာသီတစ်ခုပဲရှိသည်မို့လေ။
ထိုသို့အခိုက်အတန့်မှာပဲ လက်ပိစိလေးဟာလဲ နှင်းလူသားရုပ်လေးကို ကြိုးစားပမ်းစားလုပ်နေလေပါတယ်။ ကျောင်းတွေပြန်ဖွင့်လို့ ဒီဇင်ဘာပိတ်ရက် ခရစ္စမတ်ပိတ်ရက်မှာ ဘာတွေလုပ်ခဲ့လဲပြန်မေးရင် ဂျယ်ယွန်းပေါက်စလေးကို ဒါကိုသေချာပေါက်ကိုပြန်ပြောရမယ်လေ။ မေမေနဲ့အတူ နှင်းလူသားရုပ်လေးကိုလုပ်ခဲ့ကြောင်း ဂျယ်ယွန်းပေါက်စလေးတစ်ယောက် အများကြီးပျော်ခဲ့ပါကြောင်း သူက ဝမ်းပမ်းတသာနဲ့ကိုပြောပြရမယ်။
ဒီလိုနဲ့ ကြိုးစားပမ်းစားနဲ့ မေမေ့အကူအညီနဲ့ နှင်းလူရုပ်လေးကို ပုံပေါ်လာတဲ့အထိလုပ်နိုင်သွားသည်။ လက်နေရာမှာ သစ်ကိုင်းခြောက်လေးတွေကို ဂျယ်ယွန်းပေါက်စလေး ထည့်လိုက်သည်။ နှာခေါင်းနေရာမှာတော့ မေမေယူလာပေးတဲ့ မုန်လာဥနီကိုထည့်လိုက်သည်။ ထိုအခါ နှင်းလူသားရုပ်လေးက ပိုလို့ပင်လှသွားရသည်။
YOU ARE READING
My snowman and me // SungJake (One Short)
FanfictionLet's go below zero and hide from the sun I love you forever where we'll have some fun [ Recommend song - Snowman by Sia ]