"ဝေါ...ဝေါ..."
"ဒိုင်း ဒိုင်း!!"
"ဝေါ...ဝေါ...ဒိုင်း!"
သည်းကြီးမည်းကြီးရွာနေသော မိုးသံနှင့်အတူ ကြားလိုက်ရသော သေနပ်သံများကြောင့် ထယ်ဟျောင်းနိုးလာခဲ့ရသည်။ တစစ်စစ်ထိုးကိုက်နေတဲ့ခေါင်းကြောင့် သူ၏ အတွေးများအား ယမန်နေ့ ညပိုင်းအချိန်သို့ မှတ်ဉာဏ်ပြန်လည် ခေါ်ယူရသည်။
"ဟာ ..သွားပြီ"
စိုးရိမ်ပူပန်မှုနဲ့အတူ ထွက်လာသော အသံတိုးညင်းညင်းမှာ ကြောက်လန့်သွားသည်မှာ သိသိသာသာပင်ဖြစ်သည်။ကြောက်လန့်နေရုံဖြင့် ပြီးမည့် အကြောင်းကိစ္စမဟုတ်သည်မို့ ရေးမိုးချိုးပြီး ခေါင်းဆောင်ဆီ သွားဖို့ ပြင်လိုက်၏။ ထယ်ဟျောင်းအတွက်က မိမိပြုလုပ်ခဲ့သော အပြစ်အား တာဝန်ယူရန်သာ။
"ကျွီ.."
"ထယ်ဟျောင်း!!"
"မင်း ဘယ်လိုနေသေးလဲ"
တံခါးဖွင့်သံနှင့်အတူ တစ်ခါတည်းထွက်ပေါ်လာသည်မှာ ယူဂျင်းဆီမှ နာမည်ခေါ်သံနဲ့ ဂျောင်ကုဆီမှာ မေးမြန်းသံဖြစ်သည်။
ထယ်ဟျောင်းတို့ သူငယ်ချင်းတစ်စု မနေ့ကတစ်ရက် ခေါင်းဆောင်က အပြင်ထွက်လည်ပတ်ရန် နားရက်ပေးခဲ့ခြင်းဖြစ်၏။
ညပိုင်းတွင် ဘားမှာ သူ အသောက်လွန်သွား၍ မှောက်ခဲ့သည်မှာတော့ ကြိမ်းသေပါသည်။ ဒီမနက်ထိ ဂိုဏ်းကို ဘယ်လိုရောက်ရှိလာလဲဆိုတာလည်း ထယ်ဟျောင်းမသိပါ။"ဟျောင့်!"
"ဟမ်! အင်း"
"ဘာတွေတွေးနေတာလဲ မင်းကို ခေါင်းဆောင် ခေါ်နေတယ်"
"သူ မခေါ်ခင်ကတည်းက ငါ သွားဖို့ပြင်ဆင်ပြီးသားပါ"
"မင်း မသိမှာစိုးလို့ ပြောတာလေ နှမပေးရဲ့!!"
ထယ်ဟျောင်းအတွေးလွန်သွားသည်မှာ ဂျောင်ကုခေါ်သံကြားမှ သတိပြန်ကပ်၏။သို့ပေမယ့် ထိုကျေးဇူးရှင်လေး၏ ပြောစကားကြောင့် ကျေးဇူးမတင်ဘဲ ပြန်သာဆဲခဲ့တော့သည်။
"ချီးဘဲ! ဂျွန်ဂျောင်ကု"
ထယ်ဟျောင်းရယ် ယူဂျင်းရယ် ဂျောင်ကုရယ် မှာ မွေးကတည်းက ပေါင်းသင်းလာသော ပြောမနာ၊ဆိုမနာ သူငယ်ချင်းများဖြစ်ကြသည်။