100 Day with you ( Part. 1 )

52 7 0
                                    

" ဘာ.. ဂျွန်မြောင်အိမ်ကထွက်သွားပြန်ပြီ ဟုတ်လား! "

တအိမ်လုံးကအစေခံတွေယောက်ယက်ခပ်ကုန်သည်။ အကြောင်းမှာ အိမ်ကြီးရှင်သူဌေးရဲ့ညီဖြစ်သူ အိမ်ကနေ
စတုတ္ထအကြိမ်မြောက်ထွက်ပြေးသွားခဲ့ခြင်းကြောင့်ဖြစ်၏။

" ဒီကလေးကွာ.. ငါအတန်တန်တောင်းဆိုထားရက်နဲ့ အိမ်ကထွက်သွားပြန်ပြီ "

" ညီလေးက ကလေးမဟုတ်တော့ပါဘူး မင်ဆော့ရယ် မင်းအရမ်းကြီးစိတ်မပူပါနဲ့ "

" မပူလို့ရမလား ဆောယွန်းရ! သူကနေမကောင်းတဲ့
ကလေးကွ တော်နေကြာတခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ.. "

ဆောယွန်း သူငယ်ချင်းဖြစ်သူကိုမည်သို့မည်ပုံနှစ်သိမ့်ရမည် မသိတော့.. မျက်စိရှေ့ကသူက အတော်လေးစိုးရိမ်လွန်နေ မှန်း သိသာသည်။

ကင်ဂျွန်မြောင်.. ကင်မင်ဆော့ကိုအခုလိုအခြေနေဖြစ်အောင် လုပ်နိုင်သူကတော့ ကင်ဂျွန်မြောင်လို့ခေါ်တဲ့ တမိုးအောက်က သူ၏ချစ်လှစွာသောညီဖြစ်သည်။ အစစအရာပြည့်စုံအောင် ထားပါသော်လည်း အိမ်ပြေးလုပ်တတ်သည့်အကျင့်က ဖခင် ဖြစ်သူဆီကအမွေရလာတော့ မင်ဆော့တစ်ယောက်ဒီညီဖြစ် သူအား အမြဲလိုလိုပူပန်နေရ၏။

" ကိုကိုကြီး.. အကိုလေးစားပွဲပေါ်မှာစာတစ်စောင်တွေ့လို့ "

အိမ်အကူတစ်ယောက်က စာရွှက်ကိုကိုင်ကာမင်ဆော့ဆီသို့ ပြေးလာသည်။

" မြန်မြန်ပေးစမ်း ဒီကို! "

မင်ဆော့ သူ့ဆီစာရွှက်ကိုဆွဲယူလိုက်ပြီး အထဲကစာကို
ဖွင့်ဖတ်လိုက်သည်။ စာထဲမှာအရင်အကြိမ်တွေကဲ့သို့
အလားတူ စာတွေပါဘဲ..

* ဟျောင်း.. စိတ်ဆိုးနေပြီလား? ကျွန်တော်သိပါတယ် အခုလိုတွေလုပ်နေတာကို ဟျောင်းစိတ်ပူတယ်ဆိုတာ..
ဘယ်နေ့ဘာဖြစ်မလဲမသေချာတဲ့ ကျွန်တော့်ဘ၀ကြီးကို ဒီအိမ်ထဲမှာဘဲပိတ်မထားချင်ဘူး.. ကျွန်တော်ဘူဆန်မှာ
ခဏသွားနေဖို့ ဆုံးဖြတ်ထားတယ်. ဆေးတွေလည်းအကုန် ယူသွားသလို ပုံမှန်လည်းသောက်မှာမို့စိတ်မပူပါနဲ့နော်. ဒီတခေါက်ပြန်လာရင် ဂတိအတိုင်းထပ်ပြီးအိမ်ကနေထွက် မပြေးတော့ပါဘူး.. ချစ်တယ်နော် မင်ဆော့ဟျောင်း *

You've reached the end of published parts.

⏰ Last updated: Dec 27, 2023 ⏰

Add this story to your Library to get notified about new parts!

100 Day with you Where stories live. Discover now