Remember me

497 41 1
                                    

မိုးတွေသည်းထန်စွာ ရွာနေတဲ့ညတစ်ည..

လန်ဒန်မြို့က ကျောင်းအဆောင်လေးတစ်ခုမှာ...၁၆ နှစ်အရွယ် ပါ့ဝန်ဘင်း အခန်းထောင့်က ပြတင်းပေါက်ဘောင်လေးပေါ်မှာ  ထိုင်နေရင်း အပြင်ကိုငေးကြည့်နေတယ်... မိုးစက်လေးတွေက ပြတင်းပေါက်ပေါ် တစ်စက်ပြီးတစ်စက် စီးကျလို့...

သူ အခုသေလောက်အောင်ပျင်းနေတာမို့ မျက်မှောင်ကပါအလိုလိုကျုံ့နေပြီး ဒီအခန်းထဲမှာ သူတစ်ယောက်တည်းကျန်နေခဲ့တဲ့အချက်ကို အလိုမကျဘူးဖြစ်နေတယ်...တကယ်ဆို ခုနက သူ့အတန်းဖော် သူ့ကို အပြင်တူတူထွက်ဖို့ခေါ်တုန်းကမငြင်းလိုက်သင့်ဘူး...

ညဘက်ကို လူတိုင်းနီးပါးကြောက်ကြတယ်...မကြောက်တဲ့သူ ရှိရင်ရှိနိုင်ပေမယ့် အဲ့ထဲ သူမပါတာတော့သေချာတဲ့အချက်ပဲ... ကြောက်စရာကောင်းတဲ့ အရာမှန်သမျှက ညဘက်မှာပဲဖြစ်တာများတာကိုး ...အထူးသဖြင့်အခုလို လေတွေထန်ပြီး မိုးတွေသည်းကြီးမည်းကြီးရွာနေတဲ့အချိန်မျိုးတွေမှာပေါ့

'ခြိမ်း!'

" အမေရေ! "
အစတည်းက မိုးခြိမ်းသံကိုကြောက်တဲ့သူမို့  မထင်မှတ်ဘဲ ကြားလိုက်ရတဲ့အသံကြောင့် ဝန်ဘင်းရဲ့ ခန္ဓာနဲ့ဝိညာဥ် တစ်နေရာစီကွဲသွားသလိုပင်

"လန့်လိုက်တာ မိုးနတ်မင်းရယ် " ရင်ဘတ်ကို လက်ဖြင့်အသာလေးဖိကာ စိတ်ငြိမ်စေဖို့ အသက်ကိုပုံမှန်လေးရှူနေလိုက်တယ်.. လန့်လန့်နှင့် အကြည့်က ပြတင်းပေါက်အပြင်ဘက်ဆီရောက်သွားတဲ့အခါမှာ...

သူတို့အဆောင်နဲ့ မီတာ အနည်းလောက်အကွာက တစ်နေရာမှာ ဘယ်တုန်းကရောက်နေမှန်းမသိတဲ့ သူတစ်ယောက်
မိုးရေတွေထဲမှာ ထီးမပါဘဲ ရပ်နေလျက် အသက်မဲ့စွာ သူတို့အဆောင်ကိုစိုက်ကြည့်နေတယ်

"ဘုရားရေ " မကောင်းတကာ့မကောင်းဆုံး ဖြစ်တဲ့ သူဖတ်ဖူး ကြည့်ဖူးတဲ့ စာအုပ်တွေ ရုပ်ရှင်ကားတွေထဲက လူသတ်မှုဇာတ်ဝင်ခန်းတွေက ခေါင်းထဲမှာ မဖိတ်ခေါ်ပဲ အလိုလို ပေါ်လာတယ်...တစ်ကိုယ်လုံးကြက်သီးတွေထလာကာ ပြတင်းပေါက်ဘောင်မှမြန်မြန်ဆင်းပြီး ကုတင်ပေါ်တက်ကာ တစ်ကိုယ်လုံးကိုစောင်အပြည့်ခြုံထားလိုက်တယ်...

Remember Me (Oneshot)Where stories live. Discover now