part_16(final)

1.4K 46 0
                                    

နိဟောင်
အရင်ဆုံး အားလုံးကိုတောင်းပန်ပါတယ်။လွန်း၃လောက်လောက်ပျောက်သွားမိတဲ့အတွက်။သိတဲ့လူတွေသိကြမှာပါလွန်းရဲ့Phကွဲသွားပြီးcardပါပျောက်သွားတာမို့ အစကအကုန်ပြန်ယူနေရတဲ့အတွက်အချိန်ကြာသွားတာပါ။တကယ်အားနာရပါတယ်အားလုံးကို။

   " အင်းးးးးး"ရိပေါ်နိုးတဲ့အချိန် မျက်စိဖွင့်ကြည့်တော့ရှောင်းကိုမတွေ့တာမို့ ထထိုင်ဖို့လုပ်တဲ့ ခါးက ဆစ်ကနဲ့ဖြစ်သွားတယိ။နိုး"ချင်းမို့စိတ်ပေါက်ပေါက်နဲ့"မကောင်းတဲ့လူ"လို့တိုးတိုးလေးရွတ်လိုက်တယ်။ဖြည်းဖြည်းချင်းထပြီး ရေချိုးခန်းထဲ၀င်ပြီးကိုယ်လက်သန့်စင်လိုက်တယ်။ရှောင်းအိမ်မှာခနခနလာနေနေကြဆိုတော့ ရိပေါ်အကျီတွေဒီမှာအနည်းငယ်ရှိနေတယ်။ဒါလည်းကောင်းတာဘဲ လက်ထက်ပြီးရင် ပစ္စည်းသဟ်သက်သာတာပေါ့။အဆင်ပြေတဲ့တစ်စုံယူ၀တ်ပြီးအောက်ဆင်းခဲ့တော့ မီးဖိုခန်းထဲအလုပ်ရှုပ်နေတဲ့ရှောင်း သူ့ကိုမြင်သွားပြီး "morning babyမနက်စာပြင်နေတာ နိုးလာတာတောင်မသိလိုက်ဘူး"နို့ခွက်လေးကိုင်ရင်း အနားရောက်လာပြီး ပါးလေးကိုငုံ့နမ်းလ်ုက်တယ်။"ဗိုက်ဆာနေပြီး ရှောင်"
(သူများသားက ကြည်နူးချင်နေတာကို😐)
"အော့ လာကိုယ်ပြင်ထားပြီးပြီး"။စားပြီးရိပေါ်ကအိမ်ပြန်မယ်ဆိုလို့ ပြန်ပို့ပေးလိုက်တယ်။လမ်းမှာရိပေါ်က"ရှောင်းပွဲကဘာ်မှာလုပ်မှာလဲ" "အဲ့တာလျို့ဝှက်ချက်babyနောက်မှသိရမှာပေါ့" "ဟွန့် ကိုယ်ဘယ်မှာမင်္ဂလာဆောင်ရမှာတောင်သိခွင့်မရှိတဲ့ဘ၀" "အဟက် သိရမှာပေါ့babyရယ်"ပြောရင်းဆိုရင်းနဲ့ရိပေါ်ကိုအိမ်ပြန်ပို့ပေးပြီးရှောင်ကျန့်ပြန်သွားတယ်။ညနေရောက်တော့ ပါးက"သားငယ် မင်္ဂလာပွဲအတွက်၀တ်စုံလဲလို့ရပြီ" ဟင် ညနေကြီးလား"လို့တွေးရင်ရိပေါ်အ၀တ်လဲလိုက်တယ်။
ရိပေါ် ၀တ်စုံကိုစနစ်တကျ၀တ်ဆင်လိုက်တယ်။ပြီးတော့ပါးခေါ်ဆောင်ရာနောက်လ်ုက်သွားလိုက်တယ်။15မိနစ်လောက်မောင်းပြီးတော့ ကမ်းခြေတခုအနီးကိုရောက်လာတယ် ကမ်းခြေရဲ့အနီးကHotelမှာတော့ပွဲခုခုရှိပုံရတယ်။လူတွေတစုတစည်းနဲ့အတူသတင်းထောက်တွေလည်းရောက်နေကြတယ်။(ဘာမှမသိသောအခါ😆)ညနေမို့လားမသိကမ်းခြေရဲ့နေ၀င်ဆည်းဆာအလှက ပြီးပြည့်စုံလွန်းတယ်။ရေပြင်တွေကလည်း အရောင်တလကလက်နဲ့။ခနနေတော့ကားလေးရပ်သွားတယ် ရိပေါ်ကားပေါ်ကဆင်းလိုက်ပြီး ကော်ဇောအနီပေါ်ရပ်လိုက်တာနဲ့ သတင်းထောက်တွေက ဓာတ်ပုံကိုရှု့ထောင့်အမျိုးမျိုးကနေရိုက်ယူကြတယ်။ဒီတော့မှရိပေါ်နားလည်တယ်။ခုနကတွေ့လိုက်ရတဲ့နေရာက ငါ့မင်္ဂလာဆောင်တဲ့နေရာကိုးလို့။
(တော်သေးတာပေါ့🙂)ရိပေါ်အထဲကို၀င်လျောက်သွားလိုက်တယ်။Hotelကြီးကအတော်ခမ်းနားတယ်။နံရံတွေပေါ်မှာ ပန်းချီကားတော်တော်များများကနေရာယူထားတယ်။နန်းတော်ကြီးအလားထင်မှတ်ရတယ်။၀န်ထမ်းတွေလမ်းညွှန်တဲ့အတိုင်းလျောက်သွားတဲ့နော် ပင်လယ်ပြင်ကိုနောက်ခံထားပြီး စင်လေးတခုတည်ဆောက်တယ်။စင်လေးအပေါ်မှာတော့ ရှောင်းကရိပေါ်လိုဘဲ ၀တ်စုံတူ၀တ်ရင်းရပ်နေပြီးသူ့ကိုပြုံးပြီးကြည့်နေတယ်။ရိပေါ်ဘယ်သူ့ကိုမှမမြင်တော့။ဒီနေရာမှာသူနဲ့ရှောင်းဘဲရှိတယ်လို့ ခံစားလိုက်မိတယ်။စင်ပေါ်ကိုရောက်သွားပြီးတဲ့နောက်တော့ ဘုန်းတော်ကြီးက ကတိသစ္စာတွေတည်ခိုင်းရင် "အသင်တို့နှစ်ဉီးနမ်းနိုင်ပါပြီး"ဆိုတော့ရိပေါ်တမျိုးလေးဖြစ်သွားတယ်။ဒီအချိန်မှရင်ခုန်သံတွေမြန်သွားသယောင်။ရှောင်းက ပြုံးနေတဲ့မျက်နှာနဲ့အတူ အနားကိုတိုးကပ်လာရင် ညင်သာစွာနမ်းလိုက်တယ်။ဒါကအရင်အနမ်းတွေနဲ့မတူဘဲပိုပြီးချိုမြိန်နေသလိုပင်။ဒီလိုနဲ့ပင်မင်္ဂလာပွဲလေးအထမြောက်သွားတယ်။လိမ္မော်ရောင်သမ်းနေတဲ့ကောင်းကင်နဲ့အတူ ပင်လယ်ပြင်တလက်လက်ကိုနောက်ခံထားရင်း ပြုံးရွှင်နေကြတဲ့ထိုအမျိုးသား၂ယောက်ရဲ့မြင်ကွင်းဟာ ဘာနဲ့မှလဲမရနိုငါလောက်အောင် လှပလွန်းတယ်။      ။

""ချစ်ခြင်းမေတ္တာတွေမှာကျားမ ခွဲခြားတယ်မရှိပါဘူး။မင်းအဲ့လူတယောက်ကိုတကယ်ချစ်ရင် သူ့အချစ်ကိုရဖို့အတွက်ဘာကိုရင်ဆိုင်ရရင်ဆိုင်ရ ရင်ဆိုင်ဖို့အသင့်ဖြစ်နေသင့်တယ်။ချစ်ခြင်းမေတ္တာတွေစစ်မှန်လာတဲ့အခါ ကြားလူ၀င်ဖို့မဖြစ်နိုင်တော့ပါ။""
Goodbye Everyone Seeyou next fic.
Thank for reading my fiction.
                                                (အိမ့်လွန်းငယ်)

     

Sean's  (Complete)Where stories live. Discover now