Vin💗Shen

828 106 4
                                    

အရေးကြီးကိစ္စဆွေးနွေးစရာရှိတယ်ဆိုလို့ Ricky Shen တစ်ယောက် ကျန်းဟောင့်ရဲ့တိုက်ခန်းကိုရောက်နေပါတယ်.....

"ရော့ သောက်လိုက်ဦး"

မျက်စိရှေ့ရောက်လာတဲ့ Strawberry ဖျော်ရည်ကြောင့် Ricky ရဲ့ မျက်လုံးဝိုင်းကြီးတွေက တဖျတ်ဖျတ်တောက်ပသွားသည်

လောကကြီးမှာ ဟောင့်ကောလောက်သူ့ကိုဂရုစိုက်တဲ့သူမရှိဘူးပဲ

"ဟောင့်ကောပြောတဲ့ အရေးကြီးကိစ္စက....."

"မင်းနဲ့ ဂယူဘင်းရဲ့ ကိစ္စလေ..."

"ဟမ်....အဲ့တာက ဘာအရေးကြီးလို့လဲ"

"အရေးကြီးတာပေါ့.....ငါမေးတာမှန်မှန်ဖြေနော် Ricky....မင်း ဂယူဘင်းကိုကြိုက်နေတာလား"

"အဟွတ် အဟွတ်....ဟောင့်ကောကိုဘယ်သူပြောတာလဲ..."

"ဒီလိုပဲ ဘယ်ကသိသိပေါ့....ဟုတ်တယ်ဆို ကူညီပေးမလို့ကို....."

"ထားလိုက်ပါတော့ ဟောင့်ကောရယ် ကျွန်တော်အခုလက်လျှော့လိုက်တော့မယ်လို့တောင်တွေးထားပြီးပြီ....."

"ဘာ......"

"ကျွန်တော်ဘယ်လိုလုပ်လုပ် သူဆီက ဘာreactionမှပြန်မလာဘူးလေ.....အရင်တုန်းကမရှိမဲ့ရှိမဲ့ သံယောဇဥ်တောင် ကုန်ခန်းလာသလိုခံစားရတယ် ကြည့်ရတာ သူ့စိတ်ထဲကျွန်တော်တောင်မရှိလောက်ဘူးထင်ပါတယ်"

"စစ်မရောက်ခင်မြှားကုန်နေတာပဲ ကျန်းဟောင့်ရဲ့ညီဖြစ်ပြီးတော့လက်လျှော့တာမြန်ချက်  မင်းက ဘာတွေများကြိုးစားလို့လဲ...."

"googleမှာရှာကြည့်ထားတာ crushနဲ့မကြာခဏဆုံဖြစ်အောင်ကြိုးစားပါ....သူစိတ်ဝင်စားတဲ့အရာတွေနဲ့ချဥ်းကပ်ပါတဲ့"

"မင်းမျက်ခွက်ကြီး နေရာတိုင်းမြင်နေတော့ ဟိုက သူ့ကို မျက်စိဒေါက်ထောက်လိုက်
ကြည့်နေတယ်ဆိုပြီး နေရခက်တာပေါ့ဟ...နေစမ်းပါဦး သူ သတင်းထွက်တိုင်း
မင်းကပါ ဘာလို့လျှောက်တွဲနေတာတုန်း"

"ဟောင့်ကောကလည်း.....ဒါ crushဆီက attentionယူနည်းလေ ပြီးတော့ Ricky Shenမှာ သူမဟုတ်လည်းရွေးစရာတွေများလှပါလားဆိုတာ သိသွားရင် နည်းနည်းလောက်ဖြစ်ဖြစ် သဝန်တိုပြီး ချစ်ချင်ချစ်လာမှာပေါ့......crushက သဝန်တိုတယ်ဆိုရင်
သင့်ကိုချစ်နေတာသေချာပါတယ်တဲ့"

စေ့စပ်ထားတဲ့ ကောင်လေးက ငါ့ကိုပြန်ကြိုက်လာအောင်ဘယ်လိုလုပ်ရမလဲ???Where stories live. Discover now