Unicode
...ခမ်းနားတဲ့နန်းဆောင်ထဲ ဆံပင်ရွှေရောင်တွေနဲ့လူဟာ သူ့ရဲ့ကြက်တူရွေးကို အစာကျွေးနေချိန် လူတစ်ယောက်ဟာခပ်သွက်သွက်လျှောက်ဝင်လာပြီး စကားကိုအော်မပြောခင် အလျှင်မြန်အရိုသေပေးလိုက်တယ်
"အရှင်မင်းကြီး! အရေးကြီးကိစ္စတင်ပြစရာရှိပါတယ်"
"......."
ရွှေအိုရောင်နဲ့လူက သူ့လက်ပေါ်မှာနားနေတဲ့ ကြက်တူရွေးကိုအဝေးကိုပျံစေလိုက်ပြီး သူ့ရဲ့အမူထမ်းရှိရာဘက်ကို လှည့်လာတယ်။ ဘာမှထူးခြားတဲ့အမူအရာမပြဘဲ စောစောကလက်ချောင်းပေါ်တင်ကျန်နေတဲ့ ငှက်စေ့လေးတွေကိုခါနေတယ်။ တစ်ချိန်တည်းမှာဘဲ နေရောင်က သူ့မျက်နှာလှလှပေါ်ကျနေတယ်။
"လက်စွပ်ကို ရှာတွေ့ပါပြီ!"
ထိုစကားကိုကြားလိုက်တာနဲ့ သူ့ရဲ့မျက်လုံးများဟာ တောက်ပလာတော့သည်။
***
"မင်း ဘာမှသုံးစားမရတဲ့ကလေးမ!!"
နှာခေါင်းသွေးယိုနေတာက မရပ်ဘူး။ ခါတိုင်းလဲ ဒါမျိုးဆဲဆိုတာကိုကြားနေကြဖြစ်ပေမယ့် ဒီနေ့ကြားနေရတဲ့အသံက အထူးသဖြင့် တအားပိုကြမ်းတမ်းနေသလိုဘဲရော။
ကလေးမလေးဟာ နှုတ်ခမ်းကိုဖိကိုက်ပြီး သူမရဲ့နှာခေါင်းလေးကို ညစ်ပတ်နေတဲ့အင်္ကျီလက်ဖျားလေးနဲ့မြန်မြန် သုတ်ပစ်လိုက်တယ်
" သနားစရာကောင်းတဲ့ ခွေးမလေး! ငါကနင့်ကို သနားလွန်းလို့စေတနာနဲ့ အလုပ်ခန့်ထားတာ။ အလုပ်ကို တတ်နိုင်သလောက် ကောင်းကောင်းလုပ်စမ်း!"
ကောင်မလေးကပုခုံးတွန့်လိုက်ကာ ထိုလူကြီးကို အသံတိတ်လှောင်ပြောင်လိုက်တယ်
"ကောင်းကင်ရဲ့ကောင်းကျိုးအတွက်ကြောင့်သာ... ရှင်က တစ်ပတ်ကိုမှငွေ၂စဘဲပေးတာလေ အဲ့ငွေပမာဏနဲ့ငှါးလို့ရတာ ကျွန်မဘဲရှိတာ" ဆိုပြီးရေရွတ်လိုက်တယ်
တစ်ဆက်တည်းမှာဘဲ လူကြီးကသူ့လက်ကိုမြှောက်လိုက်ပြန်တယ်။ Blondina- ဘလွန်ဒီနာလေးဟာ အံကြိတ်ပြီး မျက်လုံးတွေကို တင်းတင်းမှိတ်ထားလိုက်တယ်