မိုးဦးရာသီမိုးရာသီရဲ့အငွေ့အသက်အပြင်စိုစွတ်နေတဲ့မြေပြင်ပေါ်ကမြေသင်းနံကလေးအစနှစ်သက်ဖွယ်ရာထိုပြင်အဲ့မြေပြင်ပေါ်ကနေဖြတ်သန်းသွားလာနေတဲ့ကောင်မလေးနှစ်ယောက်...
ထိုကောင်မလေးနှစ်ယောက်အကြားအရပ်အားဖြင့်ပိုရှည်ဟန်ရှိတဲ့ကောင်မလေးရဲ့အသွင်အဟန်အရall black ဝတ်ဆင်ကာဂုတ်ဝဲလောက်ရှိတဲ့ဆံပင်ကိုထက်ဝက်လောက်စည်းနှောင်ကာဖြောင့်တန်းနက်မှောင်နေတဲ့မျက်ခူံးတန်းထိုညာဘက်မျက်ခုံးတန်းပေါ်ကမှည့်နက်ကလေးကထိုကောင်မလေးရဲ့ဆွဲဆောင်မှုတစ်မျိုးပင်....ထိုကောင်မလေးရဲ့နာမည်ကခရစ်ဟုအမည်ရ၏...
ထိုကောင်မလေးဘေးကခန္ဓာကိုယ်သေးသွယ်သွယ်ဂုတ်ဝဲဆံပင်..ကြိုးတစ်လုံးဂါဝန်အညိုရောင်အပါ်ကဆွယ်တာပါးလေးကိုဝတ်ဆင်ကာမျက်ရှည်ခပ်စိတ်စိတ်...နှုတ်ခမ်းဘေးကမှည့်နက်ကလေးကချစ်စဖွယ်နေရာယူထား၏...ထိုကောင်မလေးရဲ့နာမည်ကဗိုလာဟုအမည်ရ၏...
"ဗိုလာ..အချစ်ငါ့ကိုပြောစရာရှိတယ်ဆို"
"အွန်းငါမေ့နေတာခရစ်ရဲ့..ဟိုလေငါအရင်ကျောင်းကတက်ခဲ့ကငါ့exကငါအခုတက်နေတဲ့ကျောင်းပြောင်းလာမယ်လို့ငါကြားတယ်...အဲ့တာသူငါ့ကိုမကျေနပ်လို့ငါကိုတစ်ခုခုလုပ်ရင်ဘယ်လိုလုပ်မလဲဟင်..."
"ဗိုလာအဲ့ကိစ္စအတွက်ဆိုဘာမှစိတ်မပူပါနဲ့အခုနင်ကတစ်ယောက်ထဲမှမဟုတ်တော့တာနင့်ဘက်မှာငါ့အပြင်သစ္စာရောဿဒါးပါရှိတယ်လေငါတို့နင့်ဘက်မှာနင်မှားသည်ဖြစ်စေ..မှန်သည်ဖြစ်စေအမြဲနင့်ဘက်ကဆိုတာမှတ်ထားပေးပါ..."
ခရစ်ကသူမအပေါ်ဘယ်လောက်ကောင်းပေးလဲဆိုတာသူမအသိဆုံးကျောင်းစပြောင်းလာတဲ့နေ့ကတည်းကခရစ်တစ်ယောက်ပဲသူမကိုစခေါ်ပြီးပေါင်းတာလေ...ပြီးတော့ခရစ်အပြင်ရိုးသစ္စာနဲ့ဿဒါးကြည်ဖြူတို့ကပါသူမအပေါ်တကယ့်စိတ်ရင်းနဲ့ပေါင်းတယ်ဆိုတာသူမအသိဆုံး...
ခရစ်တို့သူမအပေါ်ကောင်းတာတွေတွေးပြီးမျက်ရည်တွေကျလာကာခရစ်ကိုပြေးဖတ်လိုက်တယ်..ထို့နောက်သူမကျောပေါ်ကိုနှစ်သိပ်ပေးတဲ့အနေနဲ့လက်တစ်စုံကပွတ်ပေးလာခဲ့တယ်...
"ဟော..ဒီကောင်မလေးကတော့ထပ်ပြီးဝမ်းနည်းနေပြန်ပြီ...တိတ်တော့
လာငါတို့ကျူရှင်နောက်ကျနေပြီသစ္စာတို့စောင့်နေတော့မယ်..."“......“
ဒီလိုနဲ့ကောင်မလေးနှစ်ယောက်လည်းကျူရှင်အိမ်ရောက်သွားတော့သည်...
.............................
"ဿဒါးနာရီကြည့်ဦးဘယ်နှစ်နာရီထိုးပြီလဲ"
"1:45ရှိပြီ..."
"ဘာ.."
သစ္စာရဲ့သာယာချိုမြိန်ဖွယ်အော်သံနောက်ဿဒါးကိုယ်ကလေးဆက်ကနဲတုန်တက်သွားရတော့သည်
"အမလေးလန့်တာသစ္စာရယ်ဖြေးဖြေးအော်ပါဟ"
"ဟဲ့ဖြေးဖြေးအော်တဲ့သူနင်မြင်ဖူးလို့လား..အမလေးငါသွေးတက်.."
"ဟိုနှစ်ယောက်ကေရာငါတို့ကိုမခေါ်ဘဲဘယ်သဝေထိုးပြီးမုန်စားနေလဲမသိဘူး..ပြန်လာမှရှားလော့ဟုမ်းလုပ်ဦးမယ်.."
"ဟော..ဟိုမှာပြောရင်းဆိုရင်းပေါ်တော်မူလာပြီး.."(ဿဒါး)
"ကဲအမိတို့ပြောစမ်းပါဦး...အမြဲတမ်းကျူရှင်ကိုစောစောလာတက်တဲ့နှစ်ယောက်ကအချိန်အရမ်းကပ်မှလာရတဲ့အကြောင်းရင်းလေး"(သစ္စာ)
"ဟဲဟဲ..ဟိုလေလမ်းမှာဗိုလာရဲ့exအကြောင်းပြောနေလို့နည်းနည်းကြာသွားတာ..."
"ဪ..ဟုတ်လားငါမသိဘဲမုန့်တွေဘာတွေများစားနေတာလားလို့..
"ဟာ..သစ္စာကလည်းငါတို့ကနင်တို့မသိဘဲစားစရာလားလို့နင်တို့အရှေ့မှာဘဲနင်တို့သရေကျတာကြည့်ရင်းပဲစားမှာပေါ့..ဟုတ်တယ်မလားခရစ်.."
"ဒါပေါ့..ဒါပေါ့.."
"ဟိုနှစ်ကောင်ယုတ်မာချက်က9+သွားနင်တို့နဲ့စကားမပြောဘူးလာမခေါ်နဲ့"(ဿဒါး)
"ဟုတ်တယ်လာဿဒါးသူတို့နဲ့မခေါ်နဲ့"
ဒီလိုနဲ့သူငယ်ချင်းလေးယောက်စရင်းချော့ရင်နဲ့သံသရာလည်နေခဲ့တာပေါ့..
ရှေ့ဆက်ဖြစ်လာမည့်ကံကြမ္မာကိုသာကြိုသိခဲ့ရင်သူတို့ရယ်မောနိူင်ပါဦးမလား...
*******************************
အားလုံးပဲupdate ကြာတာခဲ့အတွက်တောင်းပန်ပါတယ်မupတာကြာတဲ့အတွက်ဖတ်တက်သူရှိဦးမလားဘဲအခုရေးတဲ့အပိုင်းကတိုသွားတာသိပါတယ်အခုရေးတဲ့ပထမဆုံးficဖြစ်တဲ့အတွက်အရေးအသားကအများကြီးလိုအပ်နေမှန်းသိပါတယ်..ဒါကြောင့်ဖတ်ပေးတဲ့သူတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်.....
YOU ARE READING
ပြန်လည်မွေးဖွားလာသောချစ်ခြင်း
General Fictionရင်ခုန်သံများစတင်ရာကျောင်းတော်ကြီးနှင့် falling into your smile ရဲ့s2လေးပါ။ . .. ...ဖတ်ပေးကြဖို့မျှော်လင့်ပါတယ်။ ************************************