HE - Final

8.7K 711 134
                                    

"မောင့်ကိုလွှတ်အုံး"

ဂျီမင်သည် သူ့ကို မလွှတ်။ ခုံပေါ်မှာ ထိုင်နေသည့် သူ့ကို ခွဖက်ထားစဲ။ heatကာလထဲမှာမို့ သူ့Alphaကို အလွန်တွယ်တာနေတာ။

"နေ့လယ်စာစားမယ်လေ..."

"မစားချင်ဘူး"

"ဒါဆို မောင့်ကိုစား.."

"အရူးကောင်!"

သူက ခပ်ဟဟရယ်သည်။ ကျွန်တော့်ခါးကို သူ့ရဲ့သန်မာတဲ့ လက်တွေနဲ့ ပြန်ဖက်တွယ်ထားထားပြီး ကလေးကို သိပ်နေသလိုမျိုး တင်ပါးကို တဖွဖွပုတ်ပေးနေ၏။

"ပတ်ကျိလား...မနေ့ကနေ ဒီနေ့ကို မောင့်ကို ခွာတောင်မခွာဘူး"

"Alpha က ငါ့ကိုငြိုငြင်နေပြီ...ငါ့ကိုစိတ်ကုန်နေပြီလား"

ဇာတ်ကားဟာ စပြီ။ မနေ့ကလည်း တစ်နေ့လုံး ပူထူနေအောင်ရစ်လို့ အားမရနိုင်သေး ဒီနေ့ကြ ရစ်ဖို့ လမ်းစလာပြီ။

"နေ့လယ်စားသွားစားရအောင်.."

"ဟင့်အင်း...ဟင့်အင်း"

"မနေ့တည်းက ဘာမှမှမစားထားတာ စားချင်စိတ်မရှိလို့လား"

"အင်း..."

Heatကာလမှာ ဒီလိုဖြစ်ဖူးတာ ပထမဆုံးပဲ။ နုံးချိနေပြီး ကပ်တွယ်စရာ တစ်စုံတစ်ယောက်ကို လိုအပ်နေတာ။ အနားမှာ ကိုယ့်Alphaပဲ ရှိတော့ သူ့ကိုပဲ ကပ်ချင်နေတာ။ သူ့အနားရှိရင် ပိုသက်သာနေတယ်။

"ဒီကိုကြည့်..."

သူကို ကြည့်လိုက်တော့ လူကို ပြုံးစိစိကြည့်နေသည်။

"နမ်းပါအုံး"

သူအလိုကျ တစ်ချက်ဖိနမ်းပေးလိုက်တော့ ဝုန်းခနဲထရပ်ကာ အလုပ်စားပွဲပေါ်လှဲချလိုက်ပြီး အပေါ်က အုပ်မိုးထားသည်။

"ဘာဖြစ်နေတာလဲပြော...ဘာလိုချင်လို့လဲ..."

"မသိဘူး..."

"နေ့လယ်စာသွားစားရအောင်"

"မစားပါဘူးဆို..."

"မစားချင်လည်းစား.."

"မစားဘူး...မစားဘူး!"

ကျွန်တော် အတင်းငြင်းတော့ သူကွိန်တော့်ကိုဆွဲချီကာ အခန်းပြင်ထွက်ဖို့ ကြိုးစားသည်။

HE (Completed)Where stories live. Discover now