အထင်လွဲမှားခြင်းမှ အဆုံးသတ်ခြင်း

14 1 3
                                    

Christmas မတိုင်ခင် သုံးရက်အလိုလောက်က
တစ်ယောက်တည်း fbကြည့်ရင်
မထင်မှတ်ဘဲ သူရဲ့ postတစ်ခုတွေ့လိုက်တယ်
အဲအချိန် က ဒီတိုင်း အမှုမဲ့နေခဲ့သင့်တယ်
ဒါမဲ့ သူနဲ့ပတ်သက်ရင် အရာရာ သိချင်စိတ်
ပြင်းထန်တဲ့ ကျတော်က ပြန်ရှာဖြစ်ခဲ့တယ်
မလုပ်သင့်ခဲ့တဲ့ အရာပေါ့
ကျတော် ကြည့်လိုက်တော့
သူကSecret Msg for Christmas. linkကို shareထားတာဗျ
ွပုံမှန်ဆို အလုပ်ရှုပ်တာ မကြိုက်တဲ့ကျတော်က ဝင်ကြည့်ဖြစ်သွားတယ်
တကယ်က မကြည့်သင့်ခဲ့ဘူး
နောက် Msgပေးရမလားလို တွေးခဲ့တယ်
နောက်လှည့်သင့်ခဲ့တဲ့အချိန်ပေါ့
ဒါပေမဲ့ ကျတော် ရှေ့ဆက် ပြီး ဘာရေးသင့်သလဲ
တွေးတဲ့အချိန်
ကျတော် သူအပေါ်ထားတဲ့ ခုနှစ် နှစ် တာ အချစ်တွေကို ပြောပြချင်ခဲ့တာ
အရဲစွန့်ပြီး ကျတော် မတောက်တစ်ခေါက် သင်ထားတဲ့ ပြင်သစ်စာ နဲ့ ပြောဖြစ်ခဲ့တယ်
ရိုးရှင်းပါတယ်
Toi J'aime bien
Comment ဆိုတာလေးတင်ပါ
ကျတော်ရဲ့ စိတ်ကူးလေးတွေကို ဖွင့်ဟမိရုံတင်ပါ
နောက် Sent ကို နှိပ်ပြီး ပို့ဖြစ်ခဲ့တယ်
ကျတော် ရင်တွေတုန်လွန်းလို့
အဲနေ့ညက လိုင်းပေါ် တက် မကြည့်ရဲ့ခဲ့ဘူး
နောက်Christmasနေ့ကျ
ကျတော် ကြည့်လိုက်တော့
သူက
Me too
Merry christmas ဆိုပြီး ပို့ထားတာ မြင်တဲ့အချိန်မှာ
ကျတော် သူကို့သေချာအောင်မေးတယ်
meaningကို သေချာသိရဲ့လား
နင်အဖြေသေချာလားမေးတော့
နင် ဘာသာပြန်ပြပါတဲ့
ကျတော်က
Toi J'aime bien က ငါနင့်ကိုချစ်တယ်
Comment က ဘယ်လိုလဲ ဆိုတော့
သူက ပြင်သစ်လို ဘယ်လို ပြန်ငြင်းရလဲတဲ့
ကျတော်က လည်း ငါမသိသေးလို ပြန်သင်လိုက်အုံးမယ်လို့ ပြောလိုက်တယ်
သူက ဆက်ပြီ
Youre one of my bestie🖤ဆိုပြီ ပို့လာတဲ့
အမှန်တော့လေ သူကျတော်ကို ငြင်းခဲ့တာ
ခုမှ မဟုဘူး
လွန်ခဲ့တဲ့ ၇နှစ်က တည်းက ကျတော် ဖွင့်ပြောခဲ့တိုင်း ငြင်းခဲ့တာ
သူက အမြဲ နင့်ကို ငါမချစ်နိုင်ဘူးတဲ့
သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့
နင့်အနားမှာ ငါနေပေးမယ် လို့ရယ်ဘဲ
အမြဲခွန်းတုံ့ပြန်ခဲ့တာ
အခေါက်တိုင်းမှာလည်း ကျတော်က
သူဆီက အဲလိုကြားရရင် မနာတတ်သလို
အရေးမထားသလိုနဲ့ သူကို ပြန်နှောက်ပြီး
သူကွယ်ရာမှာ ဆောက်တည်ရာမရ ငိုကြွေးခဲ့တာ
သူဆီ ပြန်မကပ်တွယ်တော့ဘူးရယ်လို့
အမြဲတစ်စေ တွေးခဲ့ပေမယ့် သူဆီ အမြဲ ကိုယ်ဘက်ကစ ခေါ်ခဲ့ရတယ် ပြောခဲ့ရတယ်
ကိုယ်စာအရှည်ကြီးပို့မှ သူဆီက inn အင်း ဆိုတဲ့
ပြန်စာဘဲရခဲ့ရတယ်
မွေးနေ့ မှာ သူလာမယ်ထင်လို့

cakeရှေ့ထိုင်စောင့်ပြီ
သူ့အိမ်လှမ်းဆက်လိုက်သူ့ခေါ်လိုက်နဲ့
bdနေ့သာကုန်သွားမယ် သူမလာခဲ့ဘူး
အမြဲ အပြင်မှာတွေ့ရအောင် ချိန်းတိုင်း အကြောင်းပြချက်မျိုးစုံနဲ့ ငြင်းခဲ့တယ်

ဒါမဲ့လေ
ဒီတစ်ခေါက် Christmas နေ့က အငြင်းခံရပြီးနောက်
ပြောခဲ့ဖူးတဲ့ Chatတွေကို ပြန်ကြည့်လိုက်မိတော့
ကိုယ့်ဘက်က သာ တစ်ဖက်သတ် ဖက်တွယ် နေခဲ့တာပါလား
သူ ကိုယ် ့ကြောင့် စိတ်ပင်ပန်းရှာမှာပေါ့
ဆိုပြီး တွေးမိတယ်
ကိုယ့်ကိုယ်တိုင်လည်း ဘာကြောင့်
ကိုယ့်ကို မလိုလားတဲ့လူကို မှာ ခင်တွယ် မိတယ်ရယ်ကို တွေးတောလို့ မရဘူး

ကိုယ်ကတိပေးပါတယ်
ကိုယ့် အချစ်ရယ်
ဒီထက်ပိုပြီး မင်းဘဝကို မကပ်တွယ်ဝံ့တော့ပါဘူး
အချစ် မကြည်ဖြူတဲ့ ဂရုစိုက်မှုကိုလည်း
မတောင်းခံတော့ပါဘူး
မင်းချစ်ရတဲ့ မိန်းကလေး ကို ဂရုစိုက်ပြီးချစ်ပေးနော်လို့ တော့ မ မှာတော့ဘူးနော် ကိုယ့်အချစ်
ကိုယ့်အချစ်က သန်မာတယ် တည်ကြည်တယ်
ဇွဲရှိပြီ ချစ်ရသူကိုဆို အရိပ်တောင်အထိမခံ ချစ်ပေးတတ်မှန်းသိတာမို့ပါ
ဒါပေမယ့်လေ အချစ်
မလိုချင်တဲ့ ေပးခဲ့ရတယ် ချစ်ခြင်းတရားမို့သာ
အပေါစား ဆန်ခဲ့ ရပေးမဲ့
ကိုယ်မင်းကို နက်နဲတဲ့ ချစ်ခြင်းတွေ နှင့်အတူ
မြတ်နိုး ခဲ့တာ မှန်သောစကား ပေမို့
ဒီဘဝမှာ
ကိုယ့်အချစ် မင်း အမြဲပျော်ရွင် ပြီး
ချစ်ရသူနဲ့ အတူဆုံနိုင်ပါစေနော်
မင်းက ပေတတ်တာ မို့ ဆောင်းဆိုလည်း နွေးနွေးထွေးထွေး နေပါနော် အချစ်

ပြီးတော့
စိတ်ပျက်စရာကောင်းအောင်
ကပ်တွယ်တတ်တဲ့ ကိုယ်လည်း အဝေးက​ေနဘဲ
မင်းမသိအောင် စောင့်ရှောက်နိုင်တော့မှာမို့
မင်း အရင်လို စိတ်မရှုပ်စေရတော့ပါဘူးဗျ

ကဲ စာဖတ်သူတို့ကော
ကျ​တော် ဖွင့်ပြောခဲ့တာ မှားတယ်လို့ ထင်ကြလား
မှန်တယ်လို့ ထင်ကြလား

ကျ တော် အနေနဲ့တော့
ရင်ဘတ်ထဲကနာကျင်ပြီး ခံစားရပေမယ့်
မှန်တယ် လို့ ထင်နေတယ်
၇နှစ်တောင် ကြာခဲ့ ပြီ
ကျတော်လည်း စိတ်ကူးထဲတင် ရူးနေရတာ
ပင်ပန်းလာပြီ
သူလည်း ပင်ပန်းနေရောပေါ့
ကပ်ပါးကောင်လို ကပ်တွယ်နေတာ
လက်လွတ်ပေးသင့်ပြီမလား

ချစ်ခဲ့တယ် ကိုယ်ရဲ့ တစ်ဖတ်သတ်အချစ်ဉီးရေ
လက်လွတ်လိုက်ပါပြီ
ပင်ပန်းစေခဲ့မိတာအတွက် ​ေတာင်းပန်တယ်နော်
ကိုယ့်အချစ်🤍

ကိုယ့် မြတ်နိုးရာWhere stories live. Discover now