Part 1

138 11 1
                                    

A Year With You
Part 1
FirstKhaotung

________________________

"3...2...1.. Happy New year "

ဆိုသည့်အသံနှင့် အတူ First သည် ဘီယာပုလင်းကို ကိုင်ကာ မြှောက်ပြီး ‌နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် အော်ကာ ဂုဏ်ပြုလိုက်သည်။

First ၏ချစ်ရသူကလည်း သူ့နည်းအတိုင်းပင် ဂုဏ်ပြုလိုက်သည်။

"First..."

"ဟမ် ပြောလေ အချစ်"

"ကျေးဇူးတင်ပါတယ်နော်...ငါ့ဘေးနားမှာ နှစ်တိုင်းရှိနေပေးလို့ ငါ့ကိုလည်း သည်းခံပြီး ခုချိန်ထိ ငါ့ဘေးနား နေပေးခဲ့လို့လဲ ကျေးဇူးတင်ပါတယ် မင်းကိုချစ်တယ်နော်"

"အချစ်ရာ အဲ့စကားတွေကို ကိုယ်က ပြောရမှာပါ"

First သည်ချစ်ရသူ၏ ခါးကို ဆွဲလိုက်ကာ အနမ်းတစ်ပွင့်ခြွေလိုက်သည်။

ဘီယာ သောက်ထားသည့် တိုင်အောင် ခါးမနေဘဲ အမြဲချိုနေသည့် Khaotung ၏နှုတ်ခမ်းသားလေးတွေကို နမ်းရတာကို First အလွန် မြတ်နိုး၏။

"အချစ် ငါတို့အမြဲတမ်း အတူတူရှိနေရအောင်နော်"

"အွန်း....အဘိုးကြီးတွေ ဖြစ်သွားတဲ့အထိ ချစ်နေကြမယ်နော်"

Khaotung၏ ထိုစကားကိုကြားပြီးနောက် First ရော Khaotung ကိုယ်တိုင်ရော ရယ်မိကြသည်။

|တစ်ချို့ ကတိတွေက မမြဲနိုင်ခဲ့ဘူး အချစ်

ဥပမာ မင်းနဲ့ကိုယ်နဲ့ကြားက ထားခဲ့တဲ့ ကတိတွေလိုပေါ့|

____________________________________

"First ထတော့ နေဖင်ထိုးနေပြီ ဆက်အိပ်ဦးမလို့လား"

ပါးစပ်ကသာပြောသည် လက်ကတော့ တင်ပါးကို တဖတ်ဖတ်နှင့် ရိုက်နေသော Khaotung.

"အာ...ထပါပြီဗျာ....ထပါပြီ...မရိုက်ပါနဲ့တော့...အ့..ထပြီလို့"

"အမြန်လုပ် ဒီနေ့ဆေးရုံသွားရမှာလေ"

"အာ ဟုတ်သားပဲ အချစ်ရဲ့ ဆေးစစ်ထားတဲ့အဖြေလွှာကို သွားယူရမှာမလား မေ့နေလိုက်တာ"

You've reached the end of published parts.

⏰ Last updated: Feb 23 ⏰

Add this story to your Library to get notified about new parts!

A Year With YouWhere stories live. Discover now