(Part -1)

23.5K 127 11
                                    

Uni

ကျွီ....

" ရောက်ပြီ... ဒီအိမ်ပဲ "

ကားရပ်သွားပြီးနောက် Driverဦးလေးကြီး၏ စကားသံကြောင့်
ယမှူးသော်ရာတို့ နေရာအသစ်ကို
ရောက်ရှိပြီဖြစ်ကြောင်းသိလိုက်သည်။

ကားပေါ်ကဆင်းပြီးနောက်
မြင်လိုက်ရသည့်အိမ်ကြောင့်
ယမှူးပါးစပ်ပင် မပိတ်နိုင်တော့။

TV ထဲမှာသာ မြင်ဖူးသည့်
နန်းတော်တမျှ ခမ်းနားလှသည့် အိမ်ကြီး။

အခန်းပေါင်းမြောက်များစွာက
တံခါးမှန်တွေဟာ နေရောင်အောက်မှာ
မျက်စိကျိန်းလောက်အောင်
အလင်းပြန်နေသည်။

" ဒါ အဖေ့ဆရာအိမ်လေ သား "

ယမှူးငေးကြည့်နေရင်း ဖေဖေ့စကားသံကြောင့် သတိပြန်ကပ်လိုက်မိသည်။

" သားတို့က ဒီမှာအလုပ်လုပ်ရမှာလား "

" အေးပေါ့ကွ... "

" သား.. သားကြောက်တယ် "

" ဆရာက သဘောကောင်းပါတယ် သားရာ...
တွေ့ကြည့်လိုက်ပါဦး "

ဖေဖေ့စကားကြောင့်
ယမှူးဘာမှအထွန့်မတက်တော့ပဲ
ကားပေါ်က ပစ္စည်းတွေကို ခြံထဲသွင်းလိုက်သည်။

ခြံထဲတွင်ရှိသော အစောင့်ဘဘက
ယမှူးတို့နေရာမည့်နေရာလိုက်ပြကာ
ပစ္စည်းတွေကို ရွှေ့ကူနေ၏။

ယမှူးတို့ကို အိမ်ကြီး၏အနောက်ဘက်
ခြံစည်းရိုးနားက တစ်ထပ်တိုက်လေးတွင်
နေရာချပေးသည်။

တစ်ထပ်တိုက်လေးဆိုသော်လည်း
အိပ်ခန်းသုံးခန်းပါဝင်ပြီး မီးဖိုခန်း၊ဧည့်ခန်းနှင့်
အတော်လေးကျယ်ဝန်းသည်။

လူများသော ယမှူးတို့မိသားစုအတွက်
အဆင်ပြေသည့်အိမ်ကလေးဖြစ်သည်။

ယမှူးတို့မိသားစုသည် အဖေနဲ့အမေအပါအဝင် ၅ယောက်ရှိပြီး
သားသမီးအနက် ယမှူးကအကြီးဆုံးဖြစ်သည်။

ကျန်နှစ်ယောက် မိန်းကလေးများဖြစ်ပြီး
အခုမှ ပိစိပေါက်စလေးတွေသာ။

ယမှူးကတော့ ယောကျ်ားလေးဟုလည်းမဆိုသာ မိန်းကလေးလို့လည်း မပြောသင့်သော
ဒွိလိင်ဖြစ်သည်။

It's you (paid - Completed in Telegram) Where stories live. Discover now