Intro

98 3 0
                                    

ချစ်သည် သို့သော် မာနကိုပိုချစ်သည်။

အချစ်ဆိုတာဘာလဲ လို့ လူတွေကမေးကြတယ်။ အချစ်ဆိုတာ ကမ္ဘာပေါ်ကလူတွေအပေါ် စိတ်ရောဂါအပေးနိုင်ဆုံးသောအရာ၊လူတစ်ယောက်ကို အကောင်းဆုံးဖြစ်စေနိုင်သလို အဆုံးဆုံးတွေလဲဖြစ်စေနိုင်တဲ့ အဆုံးစွန်သောအရာပေါ့။လူသားတို့ရဲ့ လှပစွာကျရောက်နေတဲ့ ကပ်ပါးကြီးပေါ့ရှင်။

တစ်ယောက်နဲ့တစ်ယောက်အချစ်ကိုခံယူပုံခြင်းမတူကြဘူး။တစ်ချို့က ပေးဆပ်တယ်။ တစ်ချို့က ပိုင်ဆိုင်ချင်တယ်။ကျွန်မကတော့ လူတိုင်းနဲ့မတူဘဲ ထူးခြားစွာ အဆိုးယုတ်ဆုံးနဲ့ချစ်မယ်။

လူတွေကပြောကြတယ် မကောင်းတဲ့လူကိုမှ မက်မက်မောမောချစ်ကြတာတဲ့ ကောင်းနဲ့လူဆို ထားပစ်ခဲ့ကြတယ်တဲ့။အင်းးးး သူတို့ပြောတာမှန်မယ်လို့တော့ ယူဆတယ်။ကျွန်မချစ်တဲ့လူ ကျွန်မအပိုင်လူသားကို ကျွန်မကအဆိုးယုတ်တွေနဲ့ချစ်မယ်။အဲ့တာမှ သူကျွန်မဘေးကထွက်မသွားမှာလေ။ကျွန်မချစ်တာကိုလဲ ဘယ်တော့မှထုတ်ပြမှာမဟုတ်ဘူး။ဒါက ကျွန်မရဲ့မိန်းမမာနဆိုတာပဲ။

သိပ်ကိုချစ်ရပါတယ် ကို။ဒါပေမဲ့ ကျွန်မမာနကို ပိုချစ်တယ်။
-မေသည်းခိုင်

မင်းဘယ်လောက်ဆိုးဆိုး ငါကတော့ နားလည်ပြီး ဆက်ချစ်နေအုန်းမှာပါ။မင်းမရှိရင် အသက်မရှင်နိုင်ဘူးဆိုတာ မင်းသိပါစေ။ဒါပေမဲ့ကြောက်မိတယ်။မသိစိတ်ကနေ မင်းကို စိတ်နာနေမိမှာကို။
-မင်းကျော်သူ

ချစ်သည် သိုသော် မာနကိုပိုချစ်သည်။Where stories live. Discover now