[Lana Del Rey _ Born To Die(Recommed song)]
Newyork ရဲ့လေပြေညင်းလေးကိုခံစားရင်းမင်ဂီစိတ်တွေကဟိုလွင့် ဒီလွင့်။အမှန်ဆိုမနက်၃နာရီဆိုတဲ့အချိန်ကအိပ်ပျော်နေသင့်တဲ့အချိန်လေ။ဒါပေမဲ့သူမအိပ်နိုင်။ပြန်မလာသေးတဲ့တစ်စုံတစ်ယောက်ကိုစောင့်နေတာမို့လို့လေ။သူစောင့်နေတဲ့လူနဲ့သူကသာ သာမာန်လူငယ်လေးတွေဆိုရင်သူစိတ်ပူပန်စွာနဲ့စောင့်နေရမှာမဟုတ်။ခက်တာကသူတို့မကောင်းမှု့ဒုစရိုက်တွေလုပ်တဲ့ရာဇဝတ်သားတွေမို့ စိတ်ပူနေရတာ။ကိုယ့်ရဲ့ပိုင်နက်နယ်မြေ၊ကိုယ့်မြို့မဟုတ်တာလည်းပါသည်လေ။
''မင်ဂီရာ~''
ချွဲနွဲ့စွာခေါ်ဆိုလာတဲ့သူ့ရဲ့အမည်နာမနဲ့အတူခါးထက်ကိုသိုင်းဖက်လာတဲ့တင်းကျပ်နေတဲ့လက်တစ်စုံ။ကိုယ်ကိုအနည်းငယ်ကိုင်းပြီးသူ့ပုခုံးပေါ်မေးတင်လာတဲ့အထိမင်ဂီဟာထိုလူဝင်ရောက်လာမှု့ကိုသတိတောင်မထားမိ။သူ့ရဲ့ကျွမ်းကျင်တဲ့အရည်အချင်းတစ်ခုကိုမင်ဂီဟာငါးနှစ်ကြာသည့်တိုင်အသားမကျနိုင်။
''ဖယ်!!"
လေအဝှေ့ကပ်ပါလာတဲ့ခပ်ရိုင်းရိုင်းမရင်းနှီးတဲ့ရေမွှေးနံ့ကြောင့်သူ့ကိုတိုးဖက်ထားတဲ့ဂျောင်ယွန်းဟိုအား အားမပါစွာတွန်းဖယ်လိုက်သည်။
''မင်ဂီကလည်း ဒီချိန်ထိတောင်ကိုယ့်ကိုမအိပ်ဘဲစောင့်နေပြီးတော့များ ဖက်တာလေးကို မူနေတယ်''
''အပိုတွေပြောမနေနဲ့ ဘယ်သူမှမင်းကိုစောင့်မနေဘူး ဒီတိုင်းအိပ်မပျော်လို့ အထုတ်သိမ်းတော့ ၄နာရီလေယာဥ်နဲ့ပြန်ရမှာကိုသတိရသေးရင်ပေါ့''
ဂျောင်ယွန်းဟိုအားကျောခိုင်းလိုက်တဲ့မင်ဂီ့ရဲ့ပါးပြင်နှစ်ဖက်ဟာပကတိနီရဲနေမည်ဆိုတာဟာဗေဒင်မေးစရာပင်မလို။ဒါပေမဲ့လည်းတစ်ခြားတစ်ယောက်ယောက်နဲ့အတူရှိလာတဲ့ဂျောင်ယွန်းဟိုအားလည်းစကားအများကြီးမပြောချင်တော့။သူဒီထက်ပိုပြီးနာကျင်ရရင်သေဖို့ဘဲရှိတော့တာ။
...
''မင်ဂီ!''
''ဟင်''
''ရော့''
ဂျောင်ယွန်းဟိုဟာသူ့ရဲညာဘက်လက်ဖဝါးပြင်ကျယ်ကျယ်အားမင်ဂီ့ရှေ့ထိုးပေးလာချိန်မှာမင်ဂီဆွဲကိုင်လိုက်သည်။သူဘယ်လောက်ဘဲမကောင်းတာတွေလုပ်လုပ် လေယာဥ်ကမိုးပေါ်မရောက်ခင်ထိသူကြောက်တတ်သည်။အဲ့တာကြောင့်ဂျောင်ယွန်းဟိုကအမြဲတမ်းသူ့ရဲ့လက်ကိုကိုင်ထားပေးတတ်တာ။အချိန်ဘယ်လောက်မှမရတဲ့အချိန်မှာတောင်မင်ဂီမကြိုက်တာမို့ သူ့ကိုယ်ပေါ်ကတစ်ခြားလူရဲ့ရေမွှေးနံ့တွေကုန်အောင်ရေချိုးလာတဲ့ဂျောင်ယွန်းဟိုကိုမင်ဂီကဘယ်လိုလုပ်မကြိုက်ဘဲနေနိုင်ပါ့မလဲ။
YOU ARE READING
✨Now or Never✨
FanfictionWould you run away with me? Yunho+Mingi Yungi ff Written in Myanmar(Burmese)