အချစ်ဆိုတဲ့အရာကိုကျွန်တော်တို့ စာအုပ်တွေ ဝတ္ထုတွေ သီချင်းတွေ ရုပ်ရှင်တွေ ပြဇာတ်တွေ ထဲမှာ ဖတ်ဖူးကြည့်ဖူးပေမဲ့ တကယ်တမ်းကျကျွန်တော်နဲ့စိမ်းသက်နေတယ် ။အချစ်ဆိုတဲ့အရာက ဘယ်လိုအရာလည်းသေချာမသိဘူး။ကျွန်တော်ကရောဘယ်အချိန်မှာ အချစ်ဆိုတာကိုခံစားမိမှာလဲ
ဘယ်သူနဲ့တွေ့ပြီးဘယ်လိုမျိုးခံစားမှူ့ဖြစ်မလဲဆိုတာ သိချင်မိခဲ့တာ။
အချို့က အချစ်ဆိုတာက သကြားလုံးလိုပဲတဲ့ချိုမြမြအရသာကိုပေးစွမ်းတယ်တဲ့
အချို့ကြပြန်တော့ အချစ်ဆိုတာက ကောင်းကင်ပေါ်မှာပျံသန်းနေရသလိုပဲတဲ့ ရင်ခုန်စိတ်လှူပ်ရှားမှူ့အပြည့်ပဲတဲ့
အချို့ကပြောတော့ အချစ်ဆိုတာကော်ဖီနဲ့တူပြန်ရောတဲ့ စွဲလမ်းခြင်းကိုဖြစ်စေတယ်တဲ့
အချို့ကျတော့လည်းအချစ်ဆိုတာ ကြိုးတစ်ချောင်းလိုပဲတဲ့ ရုန်းထွက်ဖို့ခက်အောင်ချူပ်နှောင်ထားခြင်းကိုခံရတတ်တယ်တဲ့အဖေပြောပြတာတော့ အချစ်နဲ့ထိတွေမိတာတဲ့တစ်နေကုန်ပြုံးနေမိလိမ့်မယ်တဲပြီးတော့ အချစ်ကိုစတင်ခံစားမိတာနဲ့လောကကြီးတစ်ခုလုံးကလှပပြီးအရာရာဟာပန်ချီကားလိုပဲသက်ဝင်လှူပ်ရှားမှူပြည့်နှက်လာမယ်တဲ့ ဒိလိုမျိုးခံစားချက်တွေရှိတဲ့အချစ်ဆိုတဲ့အရာက ကျွန်တော်ကြုံဖူးချင်မိပါတယ်