💛Unicode

1.4K 78 4
                                    

လတ်တလောမှာတော့ရုပ်ရှင်လောကရော၊မော်ဒယ်လောကမှာပါနာမည်ကြီးနေတဲ့ကြော်ငြာမော်ဒယ်လေးတစ်ယောက်...။

"J..အရှေ့လေးနည်းနည်းတိုးလိုက်"

စလိုက်မီးတွေဝိုင်းအုံထွန်းထားတဲ့"dior"ဆိုတဲ့နာမည်ကြီးbrandကိုနောက်ခံထားကာပို့စ်အမျိုးမျိုးပေးနေတဲ့ချစ်စရာမျက်နှာနဲ့ကောင်လေးဟာတစ်ကမ္ဘာလုံးရဲ့အသဲကြော်လေးပင်။

ထို့ပြင်ဂုတ်ထောက်နေတဲ့ဆံပင်ကောက်ကောက်လေးတွေနဲ့ဆံမြိတ်ကောက်ကောက်လေးကပါအသဲယားစရာကောင်းနေသည်။

"ဟုတ်ပြီ!...ငါတို့Jကအရမ်းတော်တာဘဲ"

ဓာတ်ပုံဆရာကချီးကျူးလိုက်တဲ့အခါမှာတော့ကောင်လေးဟာနှုတ်ခမ်းလေးကော့တက်ရုံသာပြုံးပြတော့အခန်းထဲကကောင်မလေး​တွေွကောကောင်လေးတွေကပါ

"အားးး....ချစ်စရာကောင်းတယ်လို့ကုကီးရေ!"

"အဲ့ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့မသတ်ပါနဲ့!"

"ငါသေပြီ!"

"ကုကီးမသတ်လည်းသေပြီးသားပါလို့!"

"ငါတို့ကုကီးကချစ်ဖို့အကောင်းဆုံးဘဲ!"

စသောအသံတွေထွက်လာသည်ပင်။ဓာတ်ပုံဆရာကတော့မနိုင်ဘူးဆိုတဲ့ပုံနဲ့သာခေါင်းခါပြီးသူကတော့မိတ်ကပ်ပြင်ပေးတဲ့အမဆီသာလျှောက်လာတော့သည်။

"J ေမာနေပြီလား...လာထိုင်"

သူ၏မိတ်ကပ်ဆရာမမှာသူ့အားထိုင်ခုံ၌သေချာထိုင်စေပြီးနောက်။

"ရော့ ဒီမှာငှက်ပျောသီးဖျော်ရည်..အိမ်မှာကတည်းကသေချာလေးဖျော်လာပေးတာ"

မိတ်ကပ်ဆရာမလဲတစ်ဖြစ်သူ၏အရင်းနှီးဆုံးသောအမ
ကသူ့ကိုသေသေချာချာလေးဂရုစိုက်ပေးရှာပါသည်။

"noona~"

"ပြောလေကလေးလေး...noonaဘာလုပ်ပေးရမလဲ"

"ဗိုက်ဆာတယ်~"

ထွက်ပေါ်လာတဲ့အသံသေးသေးလေးကချစ်စရာလည်းကောင်းသလိုသနားစရာလေးလည်းကောင်းနေပြန်သည်။ဟုတ်တာပေါ့မနက်ကတည်းကဒီကလေးဘာမှမှမစားရသေးတဲ့ဟာကို။

Cute Model(Complete)Where stories live. Discover now