ကျိ ကျိ ကျိ ကျိ
' ငှက်အော်သံတွေလား? ကောင်းကင်ဘုံမှာငှက်ရှိလို့လား? '
အိမ်တွင်းအောင်းပြီးစားလိုက်သောက်လိုက်ပဲလုပ်ထားခဲ့ဖူးတာမလို့ကောင်းကင်ဘုံပဲရောက်မယ်လို့တထစ်ချယုံထားတဲ့ချွမ်းရွေ့ တစ်ယောက်ကတော့မျက်လုံးဖွင့်ကြည့်ခြင်းမရှိပဲရမ်းရွှီးနေလေသည်.
'ငါကတယ်ကြီးသေသွားတာလားယုံတောင်မယုံနိုင်ဘူး'
ဝုတ် ဝုတ်
' ဟမ် ခွေးဟောင်သံလည်းကြားနေရတယ်တော့? မသေသေးတာများလား '
ခွေးဟောင်သံပါကြားနေရတာမလို့မသေသေးဘူးဆိုကာအားတက်ပြီမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ....
'ဟမ်...ဘာမှလည်းမမြင်ရဘူး'
မျက်စိရှေ့ကိုတစ်ခုခုပိတ်ထားသလိုဘာဆိုဘာမှမမြင်ရတဲ့အထိမည်းမှောင်နေတာမလို့ချွမ်းရွေ့တစ်ယောက်လန့်ဖြန့်ပြီးစမ်းမိစမ်းရာလျှောက်စမ်းတော့မိမိရှိရာနေရာကအိမ်ယာကုတင်တစ်ခုဆိုတာကိုခံစားမိလိုက်တာမလို့ဒါဆေးရုံကုတင်လို့သာမှတ်ထားလိုက်သည်.
'မသေသေးတာသေချာပေမဲ့ ဘာဆိုဘာမှမမြင်ရတော့တာဆိုတော့ငါမျက်စိထိခိုက်သွားခဲ့ပြီးကန်းသွားတာများလား....မရဘူးလေအဲ့လိုမဖြစ်ရဘူးလေလို့ !!!'
ကျွီ.......
တစ်ယောက်တည်းယောက်ယက်ခက်နေတုန်းကြားလိုက်ရတဲ့လိုက်ကာဆွဲချသံနဲ့အတူမျက်လုံးတည့်တည့်ကိုစူးနေအောင်ထိုးချလာပါသောနေရောင်
'အ့ ချီးပဲမျက်စိစူးလိုက်တာ'
မျက်စိစူးသွားတာကြောင့်မျက်လုံးကိုလက်ဖြင့်ပွတ်နေမိတုန်းသတိရလိုက်တာက 'ငါမကန်းသေးဘူးပဲ ' ဟူ၍ပင်
'ဒါနဲ့နေပါဦးငါဘယ်ကိုရောက်နေတာလဲ'
မရင်းနှီးတဲ့ မျက်နှာကျက်အခန်းပုံစံနဲ့ပရိဘောဂတွေကိုတစ်ခုချင်းသေသေချာချာလိုက်ကြည့်မိတော့...ဟမ်...ဆေးရုံပို့ရမှာကို ရှေးခေတ်ဇာတ်လမ်းရိုက်နေတဲ့ရိုက်ကွင်းထဲများမှားပို့လိုက်ကြတာလား...
"နိုးပါပြီလားသခင်လေး"
"...ဗုဒ္ဓေါလန့်တာ!"
YOU ARE READING
His sweet heart
Fanfiction" ကိုကို...ကျွန်တော်ပြောစရာရှိလို့ " " ပြောချင်တာကို ကိုကိုသိပြီးသားမလို့တကူးတကကြီးလာပြောပြစရာမလိုပါဘူး" " ကိုကိုသိတယ် ? တကယ်ကြီး ? ကျွန်တော်ကိုကို့ကိုချစ်နေတာသိသာလို့အကုန်လုံးနီးပါးသိနေတယ်ဆိုပေမဲ့ကိုကို့ကိုကြည့်ရတာတော့သိနေတဲ့ ပုံမပေါ်တာကို..." " ကိ...