'အိမ်ကြီးရှင် Jeon'
အပိုင်း ၇
ထမင်းစားခန်းမှာ မနက်စားတွေပြင်ဆင်နေတဲ့
အဂျီလေး
မောင် နိုးလာပြီလား
မောင် ကော်ဖီသောက်မယ်မလား
ကော်ဖီဖျော်နေရင်း ရသာမြည်းကြည့်ပြီး
ကော်ဖီခွက်ကိုယူပြီ ထည့်ပေးမယ် လုပ်တော့
တော်ပြီ ကလေး
မောင် နွားနို့ပဲသောက်လိုက်တော့မယ်
အဲတာဆိုလဲ တစ်ခုခုစားလေ မောင်
ပေါင်မုန့်စားမလားအဂျီ ထော်ပတ်နဲ့သုတ်ပေးမယ်လေ
မစားတော့ဘူး ကလေး
မောင် ရင်ပြည့်နေလို့
အဂျီလေး အတော်လေးစိတ်မကောင်းဖြစ်သွားသည်
အော် ကလေး
ဒီည မောင့်ကို ထမင်းစားမစောင့်နဲ့တော့နော်
မောင် အပြင်မှာပဲစားဖြစ်မယ်ထင်တယ်
ဟုတ်ကဲ့
အခု မောင်
ရေမိုးချိုးပြီး အလုပ်သွားတော့မယ်
မောင့်ကို ခေါင်းငြိမ့်ပြသည်Jungkookထသွားတော့
မောင်ရယ်
ဟိုအရင်တုန်းကတော့
မောင် ပဂျီ့ကို စိတ်ပျက်သွားမှာ
စွန့်ပစ်သွားမှာကို အရမ်းတုန်လှုပ် စိုးရိမ်ခဲ့တယ်
ဒါပေမယ့်
အခုလို ကြုံလာပြီးတဲ့နောက်မှာ
မောင် ခံစားနေရတာတွေကို
နေ့စဥ်နဲ့အမျှ
မြင်နေရတဲ့ အဂျီက
မောင် စွန့်ပစ်လိုက်ပါစေတော့လို့ရင်ကွဲခံပြီးဆုတောင်းနေမိပါတယ်.
.............
အလုပ်ကနေပြန်လာတဲ့Jungkookကို
ကြီးကြီးက jeonလေး ထမင်းပွဲပြင်ပေးရတော့မလား
ကျွန်တော် စားလာခဲ့ပြီ ကြီးကြီး
ကျွန်တော် နားတော့မယ်