🍃2🍃

2.7K 453 70
                                    

(Unicode)

"ဒီမှာပဲ ရပ်ပေး"

စက်ဘီးအနောက်ခုံဘက်မှ ဂျောင်ဂုအသံကြောင့် ထယ်ယောင်းလည်း ရောက်ရာအရပ်တွင် စက်ဘီးနင်းခြင်းကို ရပ်လိုက်ရ၏။

ဘေးတွင် အုတ်တံတိုင်းအမြင့်ကြီးတွေသာ ရှိနေပုံထောက်ရင် သူဌေးရပ်ကွက်မှန်းတော့ သိသာလှသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး လူရိပ်လူယောင်မတွေ့ရ။

ဂျောင်ဂုရပ်ခိုင်းလို့သာ ရပ်လိုက်ရတာ အိမ်ရောက်နေတဲ့ပုံတော့ မပေါ်။ ဒီတိုင်း လမ်းခုလတ်တစ်နေရာပဲလေ။

"အိမ်အထိ လိုက်ပို့မယ်လေ"

"အိမ်သိပြီး ဘာလုပ်မလို့လဲ"

"မင်းအိမ်သိချင်လို့မဟုတ်ဘူး ဒီတိုင်း.."

ထယ်ယောင်းစကားမဆုံးသေး ဂျောင်ဂုဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းလေးအသံမြည်လာသဖြင့် ထယ်ယောင်း ပြောလက်စ စကားတွေ ရပ်သွားရ၏။

ဂျောင်ဂုက ချက်ချင်းပင် ဖုန်းကို ထုတ်ကာ နားနားကပ်လိုက်ပြီး ထယ်ယောင်းကို တစ်ချက်မျှ လှည့်မကြည့်ဘဲ အေးအေးလူလူပင် ထွက်သွားလေတော့သည်။

ဒါ လူကို သက်သက် ဂရုမစိုက်တာ။

ထယ်ယောင်း ထပ်ပြီး သည်းခံမနေနိုင်တော့။ အနောက်ကနေ ဂျောင်ဂုကျောပိုးအိတ်ကို မှီသည့်နေရာကနေ ဆောင့်ဆွဲချလိုက်လေရာ ဂျောင်ဂုမှာ အရှိန်နဲ့ ပြန်ပါလာပြီး လက်ထဲမှ ဖုန်းလေးဟာလည်း မြေပြင်သို့ ခွမ်းခနဲ။

ထိုအဖြစ်အပျက်ကြောင့် ထယ်ယောင်း အလန့်တကြားဖြစ်သွားပြီး ဂျောင်ဂုကျောပိုးအိတ်ကို ကပျာကယာပြန်လွှတ်လိုက်ကာ မြေပြင်ပေါ်မှ ကွဲနေပြီဖြစ်တဲ့ ဖုန်းလေးကို အကြောင်သား ကြည့်နေမိသည်။

ထယ်ယောင်းကသာ တုန်လှုပ်နေတာ ဂျောင်ဂုကတော့ ထွေထွေထူးထူး ဘာမှမဖြစ်သည့်ပုံနဲ့ ကွဲနေ‌တဲ့ ဖုန်းလေးကို ပြန်ကောက်လိုက်ရင်း

"ဘာပြန်လုပ်ပေးမလဲ"

"ငါ.. တောင်းပန်ပါတယ်၊ ပြန်လျော်ပေးမှာပါ"

"ကောင်းပြီ ဒါဆိုလည်း မနက်ဖြန် ၁၅သိန်းယူလာပေး"

"ဟင်"

Spring Romance Where stories live. Discover now