အပိုင်း-၂(Unicode)

78 13 6
                                    

အပိုင်း-၂-ယွီမြို့တော်တွင်

လီလျန်ဟွားသာ် ယွီချိုးရွှမ်းကို ကုသပေးနိုင်ရန် မျှော်လင့်ရင်း ယွီချန်းမြို့ထဲသို့ ရောက်လာခဲ့သည်။

ကျောက်စိမ်းမြို့တော်ဟုခေါ်သော ယွီချန်းမြို့သည် လူသူကင်းမဲ့ကာသီခြားဆန်လှပြီး စိုက်ပျိုးရေးမဖြစ်ထွန်းသည့်အခြောက်သွေ့ဆုံး ခွန်းလွန်တောင်တန်းများထဲမှ တစ်ခုပေါ်တွင် တည်ထားခြင်းဖြစ်သည်။

ထိုသို့ဖြစ်နေစေကာမူ ထိုနေရာတွင် ရှားပါးသောရတနာများရှိနေဆဲဖြစ်ပြီး ကျန်းဟူ၏လူဆယ်ဦးသာလျှင် ဝင်ရောက်နိုင်လေသည်။ လီလျန်ဟွားမှာ ဆယ်ယောက်မြောက်လူဖြစ်နေပြီး ကိုးယောက်မြောက်ဝင်ရောက်သူမှာ ကျုံးကျန်းမင်ကျူးဖြစ်သည်။ လီလျန်ဟွားက ယွီချိုးရွှမ်းကို ကုသပေးလိုသော နတ်ဆေးသမားတော်ဖြစ်ပြီး ကျုံးကျန်းမင်ကျူးမှာ သူတို့နှစ်ဦးထက် အင်အားနှင့်နောက်ခံ ပိုကြီးမားသောလူတစ်ယောက်ဖြစ်သည်။

ကျုံးကျန်မင်ကျူးမှာ ယွီချိုးရွှမ်း၏ စေ့စပ်ထားသောသတို့သားလောင်းဖြစ်ကြောင်းကိုလည်း လူတော်တော်များများသိကြသည်။

သူ၏အဘိုးမှာ အမတ်ချုပ်ကြီးဖြစ်ကာ သူကိုယ်တိုင်ကလည်း ရုံးတော်တွင် အဆင့်ငါးအရာရှိတစ်ဦးဖြစ်နေပြီး မိန်းကလေးတိုင်း၏ စိတ်ကူးထဲမှအမျိုးသားဖြစ်ပေသည်။

သူသည် ကဗျာစာပေနှင့် ဓားရေးနှစ်မျိုးစလုံးတွင် မဖော်ပြနိုင်လောက်အောင် ကျက်သရေရှိလှပြီး နူးညံ့ငြင်သာမှုနှင့် ခန့်ညားတင့်တယ်မှု နှစ်မျိုးစလုံးရှိသော လူရည်မွန်တစ်ဉီးဖြစ်သည်။

ကျုံးကျန်းမင်ကျူးသည် ယွီချိုးရွှမ်းသေဆုံးမှုအပြီး နောက်တစ်ရက် လီလျန်ဟွားထက် လတစ်ဝက်ခန့်စောကာ ယွီမြို့သို့ ရောက်ရှိနေခဲ့သည်။

ယွီမုလန်မှာ သူ၏ချစ်လှစွာသောသမီးဖြစ်သူသေဆုံးသွားတာကြောင့် အလွန်ဝမ်းနည်းလျှက်ရှိပြီး အလောင်းအိမ်သို့ပြန်ရောက်လာသည့်အခါတွင် ရူးသွပ်သွားသူပမာ။ ထိုနေ့ကစောင့်ကြပ်ပေးခဲ့သည့် ဓားသမားအယောက်ငါးဆယ်ကျော်ကို  ယွီမြို့၏စည်းမျဉ်းများအတိုင်း သတ်သေရန်အမိန့်ပေးခဲ့သည်။

မင်္ဂလာရှိသောနိမိတ်ပုံနှင့်ကြာပန်းအိမ်Where stories live. Discover now