" အ့ နာလိုက်တာ"

ကြယ်စင်တစ်ယောက် အတွေးလွန်ပြီး လှေကားထစ်ကိုကျော်ဆင်းမိပြန်ပြီ။

" မိကြယ်စင် ချော်လဲပြန်ပြီလား လုပ်လိုက်ရင် နမော်နမဲ့နဲ့ပါလား ကြယ်စင်ရယ်"

" မေမေကလည်း ကြယ်စင်ကငယ်သေးတာကို ဟီး"

မေမေ့ပါးနားကိုနမ်းပြီး ကျောင်းကိုအမြန်ပြေးရတော့တယ် မပြေးလို့မရ ကျောင်းနောက်ကျရင် သူကြီးကအပြစ်ပေးတာခံရလိမ့်မယ်လေ။

ကြယ်စင်က ၈တန်းကျောင်းသူတစ်ယောက်ဖြစ်ပြီး စာညံ့တဲ့အထဲအပါအဝင်ပဲပေါ့ မေမေကတော့ ကြယ်စင်အလိုကျဘော်ဒါမထားသေးဘဲ ကျူရှင်ပဲတတ်စေတယ် ကြယ်စင်တို့က သားမိနှစ်ယောက်ထဲနေကြတယ်လေ။အရှင်းဆုံးပြောရရင် broken family ပေါ့ ဖေဖေ့ကတော့ တစ်ကိုယ်ထဲပါပဲ။

" ကြယ်စင်မေ ရပ်လိုက်"

ဟာ...သွားပြီ သူကြီးတွေ့သွားပြီ ကွိုင်ပဲ

" ရပ် ရပ်လို့ ပြောနေတယ်လေ"

'' ပြောပါအုန်း ဒီနေ့ကရော ဘယ်လိုအကြောင်းပြချင်တွေနဲ့ ရှင်းပြမလဲ ''

'' ဟာ သူကြီးကလဲ သမီးကမနက်က တစ်ကယ်မေမေ့ကိုအလုပ်တွေကူလုပ်ပေးနေရလို့ပါ ~နော်~ ''

ချွဲသလိုနဲ့လုပ်နေတဲ့ ငနှဲမလေးကိုကြည့်ပြီး ရီလဲရီချင် သနားလဲသနားနေမိတယ်။ ကြယ်စင်လေးက ချစ်ဖို့ကောင်းသလို ဖော်ဖော်ရွှေရွှေလဲရှိတော့ သူ့ကိုဆရာမတွေကအစ ချစ်ကြတယ်လေ စာမရပေမဲ့ လူမှုရေးကံကောင်းတော့ လူချစ်လူခင်ပေါတယ် တွေးနေတုန်းရှိသေး ဒင်းကပြေးဖို့ကြံနေလေရဲ့။

" ကြယ်စင်ထိုင်ထ အခါ၅၀ လုပ်ပြီးရင် အတန်းထဲဝင်တော့ "

သူကြီးကတော့ ထိုင်ထပဲလုပ်ခိုင်းနေတာ အခါ၅၀ကြီးများတောင် အာပါးပါး သွားပါပြီ ငါတင်တွေတော့ကြီးကုန်တော့မှာပဲ။

အခန်းထဲရောက်တော့ ဖြိုးမေစံက သူ့အတွက် နို့အေးဘူးကိုချပေးတယ် ဖြိုးမေစံဆိုတာသူငယ်ငယ်ထဲကပေါင်းလာတဲ့ သူ့သူငယ်ချင်း သူအကြောင်းတွေကို အစအဆုံးသိတဲ့သူပေါ့။

You've reached the end of published parts.

⏰ Last updated: Jan 07 ⏰

Add this story to your Library to get notified about new parts!

Oh... My loveWhere stories live. Discover now