"ဒါကဘာလုပ်နေကြတာလဲ!!"
"ဟင်..."
ငါက မင်းကိုချစ်ပေးသလောက်...
ငါပြန်ရခဲ့တာက ဖောက်ပြန်မှုတွေတဲ့လား..။
ပထမတစ်ကြိမ် သူခွင့်လွှတ်ပေးခဲ့တယ်...
နောက်ထပ်မလုပ်လောက်ပါဘူးဆိုတဲ့ စိတ်လေးနဲ့ အခွင့်အရေးပေးခဲ့တယ်။
ဒုတိယတစ်ကြိမ် ကွာရှင်းဖို့လောက်အထိ စီစဉ်ပြီးမှ သူ့အပေါ်ကို စိတ်မဖြတ်နိုင်ပြန်တော့ ထပ်ပြီး နားလည်ပေးခဲ့တယ်...။
သူ့ဘက်က ကတိစကားတွေအမျိုးမျိုးနဲ့ချုပ်ပြန်တယ်...။
ကိုယ့်ဘက်ကချစ်နေရသူမို့ အကြိမ်ကြိမ်နားလည်ပြီးခွင့်လွှတ်ပေးခဲ့တာတွေကို သူကကိုယ့်ကိုလွယ်တယ်ထင်နေပုံပဲ...။
ဒါဟာ နောက်ဆုံးအကြိမ်ပဲ...။"မောင်...မောင်ရှင်းပြမယ်..ထယ်.."
"ရှင်းပြမယ်?....ဒီလောက်မိုးမမြင်လေမမြင်နမ်းနေကြပြီး...မလုပ်ရုံတမယ်ရှိတော့တာကို...ဘယ်လိုရှင်းပြမှာလဲ...ရှင်းပြစမ်းပါ...ရှင်းပြလေ!"
"မောင်တောင်းပန်ပါတယ်.."
"ငါမင်းကို 2ကြိမ်တိတိခွင့်လွှတ်ပေးခဲ့ပြီးပြီ...ကတိတွေကိုနှုတ်ခမ်းဖျားလေးနဲ့ပေးပြီး
လွယ်လွယ်လေး ဖောက်ဖြတ်ခဲ့တဲ့မင်းကို
ယုံခဲ့မိတဲ့ငါကိုက မှားတာ...""နောက်...နောက်တခါမလုပ်တော့ပါဘူးထယ်ရယ်...ဒီတခါနောက်ဆုံးအကြိမ်ပါ..."
*ဖြန်း*
ဒီလိုစကားမျိုးကို ပြောထွက်နိုင်တဲ့jungkookကိုသူတကယ်မယုံနိုင်။
သူ့စိတ်ထဲမှာ ဖောက်ပြန်တာကို ကလေးကစားစရာလိုတွေးနေပုံပဲ...။5နှစ်...။
သူတို့လက်ထပ်ခဲ့တာ5နှစ်ရှိခဲ့ပြီ...။
မိဘတွေသဘောမတူတဲ့ကြားထဲကတောင်
ချစ်လွန်းလို့ သူ့နောက်ကိုယုံယုံကြည်ကြည်နဲ့
မျက်စိစုံမှိတ်ပြီး လိုက်လာခဲ့တာ...။
2နှစ်ကျော်ကျော်လောက်အထိအဆင်ပြေနေခဲ့ပေမဲ့ နောက်ပိုင်းပြောင်းလဲလာတဲ့
ဂျောင်ကုပုံစံတွေကြောင့် မသင်္ကာဖြစ်နေတုန်းမှာပဲ 2နှစ်ကြိမ်တောင် သူဖောက်ပြန်တာကိုမိခဲ့တယ်...။
ဒါနဲ့ဆို 3ကြိမ်မြောက်....
ဒီတစ်ခါတော့ သူ သောက်ရူးလိုမျိုး ချစ်ပြပြီး ခွင့်လွှတ်မပေးနိုင်တော့ဘူး!...။
YOU ARE READING
Taekook (One shot)
Fanfictionဒါလေးက Osလေးတွေရေးမှာပါ... type2မျိုးနဲ့ပေါ့...bottomkookရောTopkookရောကို တစ်ပိုင်းနဲ့တစ်ပိုင်းမတူတာလေးတွေပေါ့... bottomkookချည်းပဲကျလည်းမကောင်းဘူးလေနော် အချိုအခါးအစုံပါ...🌷 (Cover from 'Pinterest')