Part 1

1.4K 166 9
                                    

ကျနော်က နှစ်လျန်ပဲလေးတဲ့ ဂဏန်းထီးလေးတစ်ကောင်ပါ။ တခြားဂဏန်းတွေကတော့ ပြောကြတယ်။သုံးလျန်အောက် လျော့နည်းတဲ့ ကျနော့်လိုဂဏန်းမျိုးတွေက ယန်းချန်ကန်အတွက် အရှက်ရစရာပဲတဲ့။ ယွမ်နှစ်ရာသုံးရင် ရှစ်ကောင်ရတဲ့ ကျနော်လိုဂဏန်းတွေက ယန်းချန်ကန်ရဲ့ သဘာဝအရင်းအမြစ်တွေကို အလကားဖြုန်းတီးနေတာပဲလို့ ဆိုကြတယ်။ ပုံမှန်လို့ဆိုလို့ရနိုင်တဲ့ ဂဏန်းတွေက နှစ်လျန်ခွဲ၊သုံးလျန်လောက် အလေးချိန်ရှိကြပြီး ရှစ်ကောင်ကိုယွမ်သုံးရာကျသင့်တာမို့ အားလုံးက ကျနော့်ကိုအထင်သေးကြတယ်ဗျ။

ရိုးရိုးသားသားပြောရရင်..ကျနော် အတော်လေးတော့ ဝမ်းနည်းမိပါတယ်။တခြားသောဂဏန်းတွေ ချက်စားခံကြရသလိုမျိုး ကျနော်လည်း ဂုဏ်သရေရှိရှိ သေဆုံးချင်တယ်လေ။ကျနော့်ကိုဖမ်းမိသွားတဲ့အချိန်မှာ

"ဝိုး!သိပ်ကောင်းတဲ့ကောင်ကြီးပဲ။ အတော်လေးထွားတယ်။ ဒီနှစ်အတွက် အကောင်းဆုံးဂဏန်းပဲဟေ့"

လို့ ပြောတာကိုကြားချင်မိတယ်။

ဒီရေကန်မှာ မနာလိုစရာအကောင်းဆုံးကတော့ ရှစ်လျန်လေးတဲ့ ဂဏန်းထီးကြီးပဲ။ သူကအသားများများ ဆူထွားထွားကြီးဖြစ်ပြီး  သူ့အသားတွေကလည်း နူးအိနေမဲ့ပုံပေါ်တယ်။ဂဏန်းအဆီအနှစ်တွေကလည်း အပြည့်အဝပဲ။သူက အရွယ်ရောက်ပြီးတဲ့အပြင် ကြံ့ခိုင်လေတယ်။သေချာပေါက် အရမ်းအရမ်းကိုအရသာရှိမှာပဲ။ကန်ထဲက ဂဏန်းတွေအားလုံးသူ့ကိုလေးစားကြတယ်။ကျနော်တို့အလုပ်က ပိုစားလို့ရအောင်ပိုထွားပေးရတာမျိုးဆိုတော့ နည်းလမ်းမရှိပါပဲ ရှစ်လျန်ဂဏန်းထီးကြီးက သဘာဝကျစွာပဲ ဘုရင်အဖြစ်ထောက်ခံမှုတွေရသွားတော့တာပေါ့။ ရှစ်လျန်ဂဏန်းတစ်ကောင်ကို ယွမ်တစ်ထောင်ပေးဝယ်ရတယ်လို့ ဒဏ္ဍာရီတွေလည်းရှိသေးသဗျ။ ကျနော့် လေးဆနော်..လေးဆ။

ကျနော်လည်း တိတ်တိတ်ကလေး ရှစ်လျန်ဂဏန်းကြီးကိုချောင်းကြည့်နေကျပဲ။ ဒါပေမဲ့ ကျနော်က သူနဲ့နီးဖို့အရည်အချင်းမပြည့်မှီတာကို သိပါတယ်။ ကုန်ကုန်ပြောရရင် သူ့ညီလေးဖြစ်ဖို့တောင် အရည်အချင်းမပြည့်မှီပါဘူး။

ယန်းချန်ကန်ရဲ့ဧကရာဇ်(Completed)Where stories live. Discover now