" ဒီမယ် သားလေးဖို့ ဆန်ပြုတ်လေး ပူတုန်းစားဦး."
ဒေါ်ခင်ရေအေးသည် အငွေ့တထောင်းထောင်းထနေသည့် ဆန်ပြုတ်ပူပူကလေးအား ဘေးရှိ စားပွဲတွင်တင်ကာထားလိုက်သည်။ အသက်အန္တရာယ်ကြားထဲမှ လွတ်မြောက်လာသည့် မြို့သားလေးသည် ယခုတွင်မူ သူတို့၏ အိမ်တွင် ရှိနေချေသည်။ မိမိသားထက်ငယ်မည့်ပုံရှိသော်ငြား ထိုကလေးမှာမူ မြို့ကြီးသားပီပီ သန့်ပြန့်ကာ တည်ကြည်သောရုပ်ရည်သွင်ပြင်အား ပိုင်ဆိုင်ထားသောကြောင့် ဒေါ်ခင်ရေအေးသည် မိမိသားအားထိုကဲ့သို့ မြင်ယောင်ကာကြည်နူးမိပြန်သည်။
" စားနော် သားလေး။ လိုရင် ထပ်ရှိသေးတယ်"
ဆန်ပြုတ်ပန်းကန်လေးသည် တိမ်ယံ၏ လက်ထဲတွင်ရှိနေသည်။ အငွေ့များဖြင့် စားချင့်စဖွယ် ခပ်ပူပူဆန်ပြုတ်လေးအား လေအေးအေးဖြင့်မှုတ်ကာ အအေးခံလျှက် တစ်ဇွန်းခပ်ကာ အရသာအားမြည်းစမ်းကြည့်လိုက်သည်။
" ဒီလောက်ဆို သား ဝ ပါပြီ အန်တီ"
" ရပါတယ်ကွယ်။ ဒါနဲ့ သား ဘယ်ကလာတယ်ဆိုတာကိုရော မှတ်မိလား"
" ဟုတ် သား ရန်ကုန်ကနေ စစ်ကိုင်း ဆင်းလာတာပါ။"
" ဪ.. သက်သက်သာသာနေပေါ့ကွယ်။ သက်သာမှ ပြန်ပေါ့"
" ကျေးဇူးတင်ပါတယ် အန်တီ"
ထိုစဉ်တွင် အိမ်၏အပေါ်ထပ်သို့ ခြင်ထောင်များ၊ ချည်ထည်ဆောင်များပွေ့ကာ ရေစမ်းတစ်ယောက် တက်လာလေသည်။ အခန်းထဲသို့ ဝင်လျှင်ပင် မိခင်ဖြစ်သူနှင့် မြို့သားတို့ စကားဖောင်ဖွဲ့နေခြင်းကြောင့် ယူဆောင်လာသည့် ပစ္စည်းများအား ကုတင်၏ ခြေရင်းမှသွားကာ လွတ်နေသည့် ကုတင်နေရာ၌တင်လိုက်သည်။
" သက်သာလား"
မနူးညံ့ မငြင်သာသည့် အမေးဆိုသော်ငြား တိမ်ယံမှာ ခပ်ပြုံးပြုံးဖြင့်သာ ခေါင်းငြိမ့်ပြရင်း..
" ကျွန်တော် သက်သာနေပါပြီ အစ်ကို.."
" ဪ ဒါနဲ့ အမေမေ့လို့"
ဒေါ်ခင်ရေအေးသည် သူ့ကိုယ်တိုင်အား အမေဟု သုံးနှုန်းကာ တိမ်ယံဘက်သို့ မျက်နှာမူလျှက် စကားစအား ဆက်လေသည်။
YOU ARE READING
"ချစ်ရေစမ်း ရင်မှာလွှမ်း..."
Romanceမရှေးမနှောင်း ကျေးလက်တောရွာ ပုံစံမျိုးဖြစ်သည်..။